Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 23:34

Judson Bible

သင်​တို့​သည်​သ​တ္တ​မ​လ၊ ဆယ်​ငါး​ရက်​နေ့​မှ​စ၍ ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သ​ကေ​နေ​ပွဲ​ကို​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပြည်၌​ခံ​သော​ပွဲ​ကဲ့​သို့ အ​ဋ္ဌ​မ​လ တစ်​ဆယ့်​ငါး​ရက်​နေ့​တွင် ပွဲ​ကို​စီ​ရင်၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်၏။ ထို​သို့ ဗေ​သ​လ​မြို့၌​စီ​ရင်၍၊ မိ​မိ​လုပ်​သော​နွား​သ​ငယ်​တို့​အား ယဇ်​ပူ​ဇော်၏။ မြင့်​သော​အ​ရပ်၌ ခန့်​ထား​သော ယဇ်​ပု​ရော​ဟိတ်​တို့​ကို​လည်း ဗေ​သ​လ​မြို့​မှာ နေ​ရာ​ချ၏။

ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ဧ​သ​နိမ်​အ​မည်​ရှိ​သော သ​တ္တ​မ​လ၌ လုပ်​သော​ပွဲ​အ​တွင်း​တွင် ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ စု​ဝေး​ရောက်​လာ​ကြ၏။

ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။

ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ သ​ကေ​နေ​ပွဲ​ကို​လည်း​ခံ၍ တ​ရား​နှင့်​အ​ညီ နေ့​တိုင်း​ပြု​သင့်​သော​ဝတ်​ကို ပြု​လျက်၊ နေ့​တိုင်း​မီး​ရှို့​ရာ​ယဇ်​တို့​ကို အ​ရေ​အ​တွက်​နှင့် ပူ​ဇော်​ကြ၏။

သ​တ္တ​မ​လ​ပွဲ​ကို​ခံ​ကြ​စဉ်၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ၌ နေ​ရ​ကြ​မည်​ဟု မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​ကြောင်း​ကို တွေ့​ကြ၏။

လယ်​လုပ်၍ အ​သီး​အ​နှံ​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ၊ သိမ်း​ပွဲ​ကို​လည်း​ကောင်း၊ လယ်​လုပ်၍ အ​သီး​အ​နှံ​ကို သို​ထား​သည်​ကာ​လ၊ နှစ်​လဲ​သော​အ​ခါ၊ သို​ထား​ပွဲ​ကို​လည်း​ကောင်း ခံ​ရ​မည်။

ဂျုံ​စ​ပါး​ကို​သိမ်း​စ​ရှိ​သည်​ကာ​လ ခု​နစ်​သီ​တင်း​ပွဲ​ကို​လည်း​ကောင်း၊ နှစ်​လဲ​သော​အ​ခါ သို​ထား​ပွဲ​ကို​လည်း​ကောင်း​ခံ​ရ​မည်။

သ​တ္တ​မ​လ တစ်​ဆယ်​ငါး​ရက်​နေ့​တွင်၊ ပွဲ​ခံ၍ ယ​ခင်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ဆီ​ပူ​ဇော်​သ​ကာ​ပြု​သည်​အ​တိုင်း ခု​နစ်​ရက်​ပတ်​လုံး​ပြု​ရ​မည်။

တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော​အ​ခါ၊

သစ်​ခက်​တဲ၌​နေ​စေ​ကြောင်း​ကို သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် သိ​မှတ်​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ၌ ခု​နစ်​ရက်​ပတ်​လုံး​နေ​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

၎င်း​လ တစ်​ဆယ်​ငါး​ရက်​နေ့၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​မည်။ လော​ကီ​အ​လုပ်​ကို​မ​လုပ်​ဘဲ ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပွဲ​ခံ​ရ​မည်။

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

ယု​ဒ​လူ​တို့၏ သ​ကေ​နေ​ပွဲ​ခံ​ခါ​နီး​တွင်၊-

အ​ဇု​မ​ပွဲ​ခံ​ချိန်၊ ခု​နစ်​သီ​တင်း​ပွဲ​ခံ​ချိန်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​တည်း​ဟူ​သော တစ်​နှစ်​တွင် သုံး​ကြိမ်​မြောက်​အောင် သင်​တို့​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်၌ ရှေ့​တော်​မှာ မျက်​နှာ​ပြ​ရ​ကြ​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ဘယ်​သူ​မျှ​လက်​ချည်း မ​ပေါ်​မ​လာ​ရ။

မှာ​ထား​သည်​ကား၊ ခု​နစ်​နှစ်​စေ့၍ ကျွန်​များ​ကို​လွှတ်​ခြင်း​ငှာ ချိန်း​ချက်​သော​နှစ်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​ရောက်​မှ၊

ယ​ခု​ဆို​ခဲ့​ပြီး​သော သူ​အ​ပေါင်း​တို့​သည်၊ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ဘဲ၊ အ​ဝေး​က​မြော်​မြင်​လျက်၊ စိတ်​နှ​လုံး​နှင့် ဖက်​ယမ်း​လျက်၊ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တစ်​ကျွန်း​သူ​တစ်​နိုင်​ငံ​သား၊ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​သည်​ကို ထင်​ရှား​စွာ​ဝန်​ခံ​လျက်၊ ယုံ​ကြည်​ခြင်း​စိတ်​နှင့် သေ​လွန်​ကြ၏။-

သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​နေ​သ​ကဲ့​သို့၊ က​တိ​တော်​နှင့် စပ်​ဆိုင်​သော​ပြည်၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧည့်​သည်​ဖြစ်၍​နေ၏။ ထို​က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော အ​ဖော်​အ​ဖက်​တည်း​ဟူ​သော ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ တဲ၌​နေ​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ