Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 23:28

Judson Bible

ထို​နေ့၌ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​သော​နေ့​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​နှိပ်​စက်​ခြင်း​ငှာ အ​လို​တော်​ရှိ၍ နာ​စေ​တော်​မူ၏။ သူ​သည် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ပြီး​မှ၊ အ​မျိုး​အ​နွယ်​တော်​ကို မြင်​ရ​လိမ့်​မည်။ အ​သက်​တော်​လည်း​ရှည်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​သည်​လည်း သူ၏​လက်၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​လိမ့်​မည်။

လွန်​ကျူး​ခြင်း​အ​မှု​ကို ဆီး​တား၍ အ​ပြစ်​ကို တံ​ဆိပ်​ခတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖြေ​ရှင်း၍ ထာ​ဝ​ရ​ကု​သိုလ်​ကို သွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အ​နာ​ဂ​တ္တိ​ဗျာ​ဒိတ်​တော်​တို့​ကို တံ​ဆိပ်​ခတ်၍၊ အ​လွန်​သန့်​ရှင်း​သော အ​ရပ်​ဌာ​န​ကို လိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သီ​တင်း​ခု​နစ်​ဆယ်​ကို သင်၏ အ​မျိုး​သား​ချင်း​အ​ဖို့​နှင့် သင်၏ သန့်​ရှင်း​သော​မြို့​အ​ဖို့ ဆုံး​ဖြတ်​ခြင်း​ရှိ၏။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် ကင်း​စင်​မည်​အ​ကြောင်း၊ ထို​နေ့​ရက်၌ ယဇ်​ပု​ရော​ဟိတ်​သည် သင်​တို့​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖို့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။

ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​မည်​အ​ကြောင်း၊ သင်​တို့​သည် အ​စဉ်​စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း အာ​ရုန်​ပြု​လေ၏။

သ​တ္တ​မ​လ၊ ဒ​သ​မ​နေ့​သည်​လည်း အ​ပြစ်​ဖြေ​ရာ​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​သော​နေ့​ဖြစ်၏။ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ကို​ဆက်​ကပ်​ရ​မည်။

ယော​ရှု​ရှေ့​မှာ ငါ​ထား​သော​ကျောက်​ကို ကြည့်​ရှု​လော့။ ထို​ကျောက်​တစ်​ခု​ကို မျက်​စိ​ခု​နစ်​လုံး​ကြည့်​ရှု​လျက်​ရှိ​လိမ့်​မည်။ ထို​ကျောက်​ကို​လည်း ငါ​ထု​လုပ်​မည်။ တစ်​နေ့​ချင်း​တွင် ဤ​ပြည်၏​အ​ပြစ်​ကို ငါ​ပယ်​ရှင်း​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​လို​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်၏ ကိုယ်​တော်​ကို တစ်​ခါ​တည်း ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​တို့​သည် စင်​ကြယ်​ခြင်း​သို့ ရောက်​ကြ၏။

အ​ကြောင်း​မူ​ကား၊ စင်​ကြယ်​သော​သူ​တို့​သည် ထာ​ဝ​ရ​စုံ​လင်​ခြင်း​အကျိုးကိုရစေခြင်းငှာ၊ တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း​အား​ဖြင့် ပြု​တော်​မူ၏။-

ငါ​တို့​အ​ဖို့ ထာ​ဝ​ရ​ရွေး​နုတ်​ခြင်း ကျေး​ဇူး​ကို​ခံ​ရ၍ ဆိတ်​အ​သွေး၊ နွား​က​လေး​အ​သွေး​နှင့် မ​ဟုတ်၊ မိ​မိ​အ​သွေး​တော်​နှင့် သန့်​ရှင်း​ရာဌာ​န​ထဲ​သို့ တစ်​ခါ​တည်း ဝင်​တော်​မူ၏။-

ထို​သို့​ပူ​ဇော်​ရ​သည်​မှန်​လျှင်၊ က​မ္ဘာ​ဦး​မှ​စ၍ အ​ဖန်​များ​စွာ အ​သေ​ခံ​တော်​မူ​ရ၏။ ယ​ခု​မူ​ကား၊ ဤ​ကပ်​ကာ​လ​အ​ဆုံး၌ တစ်​ခါ​တည်း ကိုယ်​ကို ပူ​ဇော်​သော​အား​ဖြင့် အ​ပြစ်​များ​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ပေါ်​ထွန်း​တော်​မူ၏။-

ထို​သ​ခင်​သည် ငါ​တို့၏​အ​ပြစ်​မ​က၊ လော​ကီ​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​တော်​မူ၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ​သည်​ဟု မ​ဆို။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ချစ်၍ ငါ​တို့၏​အ​ပြစ် ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ၊ သား​တော်​ကို စေ​လွှတ်​တော်​မူ​သော​အ​ရာ၌ ချစ်​ခြင်း​မေ​တ္တာ​ရှိ၏။-

ထို​သ​ခင်​ကား၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ရေ​အား​ဖြင့်​သာ​မ​ဟုတ်၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​တော်​မူ၏။ သက်​သေ​ခံ​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​သည် သ​မ္မာ​တ​ရား​ဖြစ်၍ သက်​သေ​ခံ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ