Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 23:22

Judson Bible

ကိုယ်​မြေ၌​ဖြစ်​သော​စ​ပါး​ကို ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင် မ​ရိတ်​ရ။ သိမ်း​ရာ​တွင်​ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။ ထို​အ​ရာ​ကို ဆင်း​ရဲ​သော​သူ၊ ဧည့်​သည်​အာ​ဂ​န္တု​အ​ဖို့ ချန်​ခြွင်း​ရ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​သည် စွန့်​ကြဲ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့​အား​ပေး​ကမ်း​ပြီ။ သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။ သူ၏​ဦး​ချို​သည် ဂုဏ်​အ​သ​ရေ​နှင့် ချီး​မြှင့်​ခြင်း​ရှိ​လိမ့်​မည်။

မွတ်​သိပ်​သော​သူ​နှင့် ဆင်း​ရဲ​ခံ​ရ​သော​သူ​ကို သ​နား​သော​စိတ်​နှင့် ချမ်း​သာ​ပေး​လျှင်၊ မ​ရှင်း​လင်း​သော အ​ရာ​မှာ သင်၏​အ​လင်း​သည် ပေါ်​ထွန်း၍၊ သင်၏​မှောင်​မိုက်​သည် မွန်း​တည့်​အ​လင်း​ကဲ့​သို့ ဖြစ်​လိမ့်​မည်။

တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

သာ၍​ကောင်း​သော​နည်း​မူ​ကား၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ သို့​ပြု​လျှင် ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အား​သန့်​ရှင်း​ကြ​လိမ့်​မည်။-

မော​ဘ​ပြည်​သူ​ရု​သ​က၊ ကျွန်​မ​သည် လယ်​ပြင်​သို့​သွား၍ စိတ်​နှင့်​တွေ့​သော​သူ​နောက်​မှာ စ​ပါး​ကျန်​ကို ကောက်​ပါ​ရ​စေ​ဟု နော​မိ၌​အ​ခွင့်​ပန်​လျှင်၊ နော​မိ​က၊ သွား​တော့​ငါ့​သ​မီး​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ