သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှာ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
အာရုန်သည် ထိုသင်းကျစ်ကို နဖူး၌ဆင်သဖြင့်၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောအလှူဒါနနှင့်ဆိုင်၍၊ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်ရမည်။ သူတို့သည် ထာဝရဘုရား၏စိတ်တော်နှင့် တွေ့ခြင်းငှာ၊ အာရုန်၏နဖူး၌ အစဉ်ဆင်ရမည်။
အာရုန်လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာပြုရမည်။
ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကိုကား၊ သင်နှင့်တကွ သင်၏သားသမီးတို့သည် စင်ကြယ်သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သောမိတ်သဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဖို့ဖြစ်သတည်း။
သင်တို့သည် ငါပေးသောပြည်သို့ရောက်၍ စပါးကိုရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။
ကောက်လှိုင်းကိုချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
ရင်ပတ်နှင့်လက်ယာပခုံးကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာကိုပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။
ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူ ချွေးမရုသနှင့်အတူ နောမိသည်ပြန်လာ၍၊ မုယောစပါးကို ရိတ်စကာလ၌ ဗက်လင်မြို့သို့ရောက်ကြ၏။