Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 23:1

Judson Bible

တစ်​ဖန်​မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ပ​ညတ်​တ​ရား​တော်​အ​တိုင်း ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ဓ​မ္မ​ပွဲ​နေ့၊ အ​စဉ်​မ​ပြတ်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ရှို့​ရာ​ယဇ်​မျိုး​တို့​ကို ပူ​ဇော်​ရ​ကြ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သည် အ​စဉ်​ကျင့်​ရ​သော တ​ရား​အ​တိုင်း ဘု​ရား​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ​လည်း​ကောင်း၊ ရှေ့​တော်​မုန့်​ကို အ​စဉ်​တင်​ခြင်း​ငှာ​လည်း​ကောင်း၊ ညဉ့်​ဦး၊ နံ​နက်၊ ဥ​ပုသ်​နေ့၊ လ​ဆန်း​နေ့၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဓ​မ္မ​ပွဲ​နေ့​တို့၌ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်၍ ပူ​ဇော်​ရ​မည်။

ထို​မှ​တစ်​ပါး ဥ​ပုသ်​နေ့​နှင့် လ​ဆန်း​နေ့၌​လည်း​ကောင်း၊ အ​ဇု​မ​ပွဲ၊ ခု​နစ်​သီ​တင်း​ပွဲ၊ သ​ကေ​နေ​ပွဲ​တည်း​ဟူ​သော တစ်​နှစ်​တစ်​နှစ်​လျှင် ဓ​မ္မ​ပွဲ​သုံး​ပွဲ​ခံ​သော​နေ့၌​လည်း​ကောင်း ယဇ်​ပူ​ဇော်​လေ့​ရှိ၏။

အ​ချည်း​နှီး​သော​ပူ​ဇော်​သ​ကာ​ကို နောက်​တစ်​ဖန်​မ​ဆောင်​ခဲ့​ကြ​နှင့်၊ သင်​တို့​မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ငါ​ရွံ​ရှာ​၏။ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ပ​ရိ​သတ်​စည်း​ဝေး​သော​နေ့​ကို​လည်း ရွံ​ရှာ​၏။ အ​ဓ​မ္မ​အ​မှု​နှင့် ရော​နှော​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တို့​ကို သည်း​မ​ခံ​နိုင်။

တ​ရား​တွေ့​မှု​ကို စီ​ရင်​လျှင်၊ ငါ၏​ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​ကြ​မည်။ ငါ၏​ဓ​မ္မ​ပွဲ​တို့​ကို ဆောင်​ရွက်​လျှင်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တို့​ကို​လည်း​ကောင်း၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို​လည်း​ကောင်း စောင့်​ရှောက်​ရ​ကြ​မည်။

မင်း​သား​သည်​လည်း ပွဲ​သ​ဘင်​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​စည်း​ဝေး​သော နေ့​ရက်​အ​စဉ်​အ​တိုင်း မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို ပူ​ဇော်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​လည်း ပူ​ဇော်​ရ​မည်။

ပွဲ​ခံ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​ကာ​လ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ နွား​တစ်​ကောင်​နှင့် မုန့်​ညက်​တစ်​ဧ​ဖာ၊ သိုး​တစ်​ကောင်​နှင့် တစ်​ဧ​ဖာ၊ သိုး​သ​ငယ်​နှင့် အ​လို​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် ဆီ​တစ်​ဟိန်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။

သင်​တို့​သည် စီ​ရင်​ရ​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တည်း​ဟူ​သော ငါ​ထာ​ဝ​ရ​ဘု​ရား၏ ပွဲ​တော်​များ​ဟူ​မူ​ကား၊

မော​ရှေ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ကြား​လေ၏။

သ​စ္စာ​က​တိ​ရှိ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ အ​လို​လို​ပူ​ဇော်​သော်​လည်း​ကောင်း၊ ပွဲ​သ​ဘင်​ခံ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​ကို မီး​ဖြင့်​ပူ​ဇော်၍ သိုး​နွား​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ကို​ပြု​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊

နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​ကာ​လ​များ​ကို စောင့်​ကြ​ပြီ​တ​ကား။-

ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ