Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 22:4

Judson Bible

နူ​နာ၊ ရိ​နာ​စွဲ​သော အာ​ရုန်၏​အ​မျိုး​သား​မည်​သည်​ကား၊ မ​စင်​ကြယ်​မီ​တိုင်​အောင် သန့်​ရှင်း​သော​အ​ရာ​ကို​မ​စား​ရ။ အ​သေ​ကောင်​နှင့်​ဆိုင်၍ မ​သန့်​ရှင်း​သော​အ​ရာ​ကို ထိ​သော​သူ၊ သုက်​ရည်​ထွက်​သော​သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​စား​အပ်​သော တိ​ရ​စ္ဆာန်​သေ​လျှင်၊ အ​သေ​ကောင်​ကို ထိ​မိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။

သုက်​ရည်​ထိ​သော​အ​ဝတ်၊ သား​ရေ​ရှိ​သ​မျှ​တို့​ကို ရေ​နှင့်​လျှော်​ရ​မည်။

ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော​အ​ရာ​ဖြစ်၏။

ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော အ​ရာ​ဖြစ်၏။

တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျိုး​သား​ချင်း​သေ​သော​သူ​အ​တွက် သင်​တို့​တွင်​အ​ဘယ်​သူ​မျှ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။

သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ အ​လွန်​သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ မိ​မိ​ဘု​ရား​သ​ခင်၏ မုန့်​တော်​ကို​စား​ရ​မည်။

ဟ​ဂ္ဂဲ​က​လည်း၊ အ​သေ​ကောင်​အား​ဖြင့် မ​စင်​ကြယ်​သော သူ​သည် ထို​အ​ရာ တစ်​စုံ​တစ်​ခု​ကို​ထိ​လျှင် ညစ်​ညူး​ခြင်း​ရှိ​လိမ့်​မည်​လော​ဟု မေး​မြန်း​သော်၊ ယဇ်​ပု​ရော​ဟိတ်​တို့​က၊ ညစ်​ညူး​ခြင်း​ရှိ​လိမ့်​မည်​ဟု ပြန်​ပြော​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ထာ​ဝ​ရ​ဘု​ရား​အား ဆောင်​ခဲ့​သော ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​တို့​ကို သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး​ပြီ။ သင်​အ​စ​ရှိ​သော သင်၏​အ​မျိုး​အ​နွယ်​နှင့်​ဆိုင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆား​နှင့်​ယှဉ်​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

မီး​သို့​မ​ရောက်၊ သန့်​ရှင်း​သော​အ​ရာ​ထဲ​က သင်​တို့​ဆိုင်​သော​အ​ရာ​ဟူ​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​လှူ​သော​ဥ​စ္စာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် ပူ​ဇော်​လေ​သ​မျှ​တို့​သည် သင်​နှင့် သင်၏​သား​တို့​အ​ဖို့ သန့်​ရှင်း​ရ​ကြ​မည်။

မ​စင်​ကြယ်​သော​သူ​သည် ကိုယ်​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ မ​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ ပ​ရိ​သတ်​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ စင်​ကြယ်​စေ​သော​ရေ​ဖျန်း​ခြင်း​ကို မ​ခံ​သော​ကြောင့်၊ မ​စင်​ကြယ်​ဘဲ​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ