Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 22:32

Judson Bible

ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​ခြင်း​ငှာ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်၍၊ သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ခြင်း​အား​ဖြင့် ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။ သန့်​ရှင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ ထို​ဘု​ရား​ကို​သာ ကြောက်​ရွံ့​ခြင်း၊ ထိတ်​လန့်​ခြင်း ရှိ​ကြ​လော့။

ထို​အ​ခါ၊ မော​ရှေ​သည် အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည် သန့်​ရှင်း​ခြင်း​ရှိ​သည်​ဟု ငါ့​ထံ​သို့​ချဉ်း​ကပ်​သူ​တို့​သည် မှတ်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ငါ့​ဘုန်း​ကို​ချီး​မြှင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​ရာ၌၊ ထို​သို့​သော​အ​မှု​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ အာ​ရုန်​သည် တိတ်​ဆိတ်​စွာ​နေ​လေ၏။

သင်၏​သား​သ​မီး​တို့​ကို၊ မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ငါ့​နည်း​နိဿ​ယ​တို့​ကို ကျင့်​ဆောင်​ရ​ကြ​မည်။ ငါ​သည် သင်​တို့​ကို သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

မိ​မိ​သား​ကို၊ အ​မျိုး​သား​ချင်း​တို့​တွင် မ​ရှုတ်​မ​ချ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ကို သန့်​ရှင်း​စေ​သည်​ဟု​မိန့်​တော်​မူ၏။

သင်၏​ဘု​ရား​သ​ခင်​ပွဲ​တော်​ကို ဆက်​သော​ကြောင့်၊ သူ့​ကို​သန့်​ရှင်း​စေ၍၊ သူ​သည် သင့်​အ​ဖို့​သန့်​ရှင်း​ရ​မည်။ သင်​တို့​ကို​သန့်​ရှင်း​စေ​သော ငါ​ထာ​ဝ​ရ​ဘု​ရား သန့်​ရှင်း၏။

ထို​အ​ရာ​တို့​ကို​စား​မိ၍ ပြစ်​မှား​သော​အ​ပြစ်​ကို မ​ခံ​စေ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ​သည်​ဟု မိန့်​တော်​မူ၏။

အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ငါ့​အ​ဖို့​သန့်​ရှင်း​စေ​သော​အ​ရာ​အား​ဖြင့်၊ သန့်​ရှင်း​သော ငါ၏​နာ​မ​တော်​ကို​မ​ရှုတ်​မ​ချ​ဘဲ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ သန့်​ရှင်း​သော​အ​ရာ​များ​နှင့် ကိုယ်​ကို​ကိုယ်​ကွာ​စေ​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သန့်​ရှင်း​သော​ငါ၏​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ထာ​ဝ​ရ​ဘု​ရား​သန့်​ရှင်း​တော်​မူ​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထင်​မှတ်​ရ​ကြ​မည်။

ထို​ကြောင့် သင်​တို့​ဆု​တောင်း​ရ​မည်​မှာ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော​အ​ကျွန်ုပ်​တို့​အ​ဘ ကိုယ်​တော်၏ နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။-

ကိုယ်​တော်​က၊ သင်​တို့​သည်​ဆု​တောင်း​လျှင် မြွက်​ဆို​ရ​မည်​မှာ၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော အ​ကျွန်ုပ်​တို့​အ​ဘ၊ ကိုယ်​တော်၏​နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။ နိုင်​ငံ​တော် တည်​ထောင်​ပါ​စေ​သော။-

ကိုယ်​တော်၏​သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်၏​နှုတ်​က​ပတ်​သည် သ​မ္မာ​တ​ရား​ဖြစ်​ပါ၏။-

ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​ပြစ်​နှင့်​ကင်း​စင်၍ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော​သူ​တည်း​ဟူ​သော၊ ကော​ရိ​န္သု​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ အ​သင်း​တော်​မှ​စ၍ ခပ်​သိမ်း​သော​အ​ရပ်၌ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ