Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 22:3

Judson Bible

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဣ​သ​ရေ​လ​အ​မျိုး​သား​သန့်​ရှင်း​စေ​သ​ဖြင့်၊ သန့်​ရှင်း​ခြင်း​ရှိ​သော​အ​ရာ​တို့​ကို၊ ကိုယ်​မ​စင်​ကြယ်​လျက်​နှင့် ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သား​မည်​သည်​ကား၊ ငါ့​ထံ​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ကြ၏။ ဤ​တန်​ဆာ​တို့​သည်​လည်း သန့်​ရှင်း​သော​တန်​ဆာ ဖြစ်​ကြ၏။ ဤ​ငွေ​နှင့် ဤ​ရွှေ​သည်​လည်း၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​သော​ရွှေ​ငွေ​ဖြစ်၏။

အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ အ​ထံ​တော်၌ စုံ​လင်​သော​ဝမ်း​မြောက်​ခြင်း​အ​ခွင့်​နှင့် လက်​ယာ​တော်​နား​မှာ အ​စဉ်​အ​မြဲ​ပျော်​မွေ့​ခြင်း​အ​ခွင့်​ရှိ​ပါ၏။

အ​ကျွန်ုပ်​ကို အ​ထံ​တော်​ထဲ​က နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။

ထို​ဆီ​နှင့်​တူ​အောင်​ဖော်​သော​သူ၊ မ​ဆိုင်​သော​လူ၌ လိမ်း​သော​သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ငါ့​အ​ဖို့​သန့်​ရှင်း​စေ​သော​အ​ရာ​အား​ဖြင့်၊ သန့်​ရှင်း​သော ငါ၏​နာ​မ​တော်​ကို​မ​ရှုတ်​မ​ချ​ဘဲ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ သန့်​ရှင်း​သော​အ​ရာ​များ​နှင့် ကိုယ်​ကို​ကိုယ်​ကွာ​စေ​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

လူ​သေ​ကောင်​ကို​ထိ၍ ကိုယ်​ကို​မ​သန့်​ရှင်း​စေ​သော​သူ​သည်၊ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို ညစ်​ညူး​စေ၏။ ထို​သူ​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်။ စင်​ကြယ်​စေ​သော​ရေ​ဖျန်း​ခြင်း​ကို မ​ခံ​သော​ကြောင့် မ​စင်​ကြယ်​ဖြစ်၏။ စင်​ကြယ်​ခြင်း​သို့ မ​ရောက်​သေး။

ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-

ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​တို့​အား​ဖြင့် ဂုဏ်​အ​သ​ရေ​တော် ထင်​ရှား​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သက်​သေ​ကို သင်​တို့​သည် ယုံ​ကြည်​သည်​ဖြစ်၍၊ ယုံ​ကြည်​သော သူ​အ​ပေါင်း​တို့​အား​ဖြင့် အံ့​ဩ​ချီး​မွမ်း​ခြင်း​ကို​လည်း​ကောင်း၊ ခံ​အံ့​သော​ငှာ ကြွ​လာ​တော်​မူ​သော​နေ့​ရက်၌၊ ထို​သူ​တို့​သည် သ​ခင်​ဘု​ရား၏ မျက်​နှာ​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​ရှိ​သော ဘုန်း​တော်​နှင့်​လည်း​ကောင်း ကွာ၍ ထာ​ဝ​ရ​ပျက်​စီး​ခြင်း​တည်း​ဟူ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လ​တ္တံ့၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ