Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 22:2

Judson Bible

အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ငါ့​အ​ဖို့​သန့်​ရှင်း​စေ​သော​အ​ရာ​အား​ဖြင့်၊ သန့်​ရှင်း​သော ငါ၏​နာ​မ​တော်​ကို​မ​ရှုတ်​မ​ချ​ဘဲ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ သန့်​ရှင်း​သော​အ​ရာ​များ​နှင့် ကိုယ်​ကို​ကိုယ်​ကွာ​စေ​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​ကြ၏။ ဤ​တန်​ဆာ​တို့​သည်​လည်း သန့်​ရှင်း​သော​တန်​ဆာ ဖြစ်​ကြ၏။ ဤ​ငွေ​နှင့် ဤ​ရွှေ​သည်​လည်း၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​သော​ရွှေ​ငွေ​ဖြစ်၏။

သင်​တို့၌ အ​ဦး​ဖွား​သော​သား​အ​ပေါင်း​တို့​နှင့် သင်​တို့၌​ရှိ​သော​တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​အ​ပေါင်း​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​သီး​အ​ခြား​ခွဲ​ထား​ရ​ကြ​မည်။ အ​ထီး​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​စ္စာ​ဖြစ်​ရ​ကြ​မည်။

အာ​ရုန်​သည် ထို​သင်း​ကျစ်​ကို န​ဖူး၌​ဆင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ သန့်​ရှင်း​သော​အ​လှူ​ဒါ​န​နှင့်​ဆိုင်၍၊ သန့်​ရှင်း​စေ​သ​မျှ​သော​အ​ရာ​တို့၌ ပါ​သော​အ​ပြစ်​ကို ဆောင်​ရ​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​စိတ်​တော်​နှင့် တွေ့​ခြင်း​ငှာ၊ အာ​ရုန်၏​န​ဖူး၌ အ​စဉ်​ဆင်​ရ​မည်။

ထွက်​ကြ။ ထွက်​ကြ။ ထို​အ​ရပ်​မှ ထွက်​သွား​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​အ​ရပ်​ထဲ​က ထွက်​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​ဆောက်​အ​ဦ​တို့​ကို ဆောင်​ရွက်​သော​သူ​တို့၊ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။

ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို မ​စောင့်။ ထို​ဌာ​န၌ စောင့်​သော​သူ​တို့​ကို ကိုယ်​အ​လို​အ​လျောက်​ခန့်​ထား​ကြ​ပြီ။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​တွင်​ရှိ​သော ငါ့​တဲ​တော်​ကို ညစ်​ညူး​စေ၍၊ မိ​မိ​တို့​မ​စင်​ကြယ်​ရာ၌ မ​သေ​စေ​ခြင်း​ငှာ၊ သူ​တို့​ကို မ​စင်​ကြယ်​ခြင်း​နှင့် ကင်း​စင်​စေ​ရ​မည်။

သင်၏​သား​သ​မီး​တို့​ကို၊ မော​လုတ်​ဘု​ရား​အား မီး​ဖြင့်​မ​ပူ​ဇော်​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ငါ့​နာ​မ​ကို​တိုင်​တည်၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​ခြင်း​ကို​မ​ပြု​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​လျက်၊ ငါ့​သန့်​ရှင်း​သော​နာ​မ​တော်​ကို ရှုတ်​ချ​လျက်၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား​ဆက်​ကပ်​သော​သူ​ကို၊ ငါ​သည် မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ မိ​မိ​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို မ​ရှုတ်​မ​ချ​ရ။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ မိ​မိ​ဘု​ရား​သ​ခင်၏ အ​စာ​အာ​ဟာ​ရ​ကို ပူ​ဇော်​သော​ကြောင့် သန့်​ရှင်း​ခြင်း​ရှိ​ရ​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​ခြင်း​ငှာ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်၍၊ သန့်​ရှင်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

အ​ကောင်း​ဆုံး​သော​အ​ဖို့​ကို နုတ်​ယူ​ပူ​ဇော်​ပြီး​မှ၊ ကြွင်း​သော​အ​ဖို့​အား​ဖြင့် အ​ပြစ်​ရောက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ သေ​ဘေး​နှင့် မ​တွေ့​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့၏​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ညစ်​ညူး​စေ​ရ​ဟု မိန့်​တော်​မူ၏။

သင်၏​သိုး​နွား​တို့​တွင် အ​ဦး​ဖွား​သော အ​ထီး​ရှိ​သ​မျှ​တို့​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​စေ​ရ​မည်။ အ​ဦး​ဖွား​သော​နွား၊ အ​ဦး​ဖွား​သော​သိုး​ကို မ​သုံး​ဆောင်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ