ဝတ်ပြု 22:18Judson Bibleဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ သစ္စာကတိရှိ၍ပြုသောပူဇော်သကာ၊ အလိုလိုပြုသော ပူဇော်သကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊ အခန်းကိုကြည့်ပါ။ |
ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းစကားကို ကြားပြောသောသူ၏ ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။ အို ယုဒအမျိုး၊ သင်၏ဓမ္မပွဲကိုခံလော့။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ဖြေလော့။ အဓမ္မလူသည် ရှင်းရှင်းပယ်ဖြတ်ခြင်းကို ခံရသောကြောင့် နောက်တစ်ဖန်သင့်ကို မကျော်မနင်းရ။
သစ္စာကတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက်ပင်လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသတည်း။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။