Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 22:15

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်၍၊ သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ရှုတ်​မ​ချ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ပ​ရိသတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​သို့ ဝင်​သော်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န၌ ယဇ်​ပ​လ္လင်​အ​နား​သို့ ချည်း​ကပ်​သော်​လည်း​ကောင်း၊ အ​ပြစ်​ရောက်၍​မ​သေ​စေ​ခြင်း​ငှာ ထို​သို့​ဝတ်​ရ​မည်။ အာ​ရုန်​မှ​စ၍ သူ၏​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း။

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ငါ၏​တ​ရား​ကို​ဖျက်၍၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း ညစ်​ညူး​စေ​ကြ၏။ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ပိုင်း​ခြား၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​အ​ရာ​တို့​ကို ရော​နှော​ကြ၏။ ငါ၏​ဥ​ပုသ်​နေ့​တို့​မှ​လည်း မျက်​နှာ​လွှဲ​ကြ၏။ သူ​တို့​အ​လယ်၌ ငါ​သည် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ၏။

စား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သော​အ​ရာ​ကို ရှုတ်​ချ​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

ထို​အ​ရာ​တို့​ကို​စား​မိ၍ ပြစ်​မှား​သော​အ​ပြစ်​ကို မ​ခံ​စေ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ​သည်​ဟု မိန့်​တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​ပ​ညတ်​တော်​ကို​ဖျက်​သ​ဖြင့်၊ ကိုယ်​အ​ပြစ်​ကို​ခံ​လျက် မ​သေ​ရ​မည်​အ​ကြောင်း ငါ့​ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ၏။

အ​ကောင်း​ဆုံး​သော​အ​ဖို့​ကို နုတ်​ယူ​ပူ​ဇော်​ပြီး​မှ၊ ကြွင်း​သော​အ​ဖို့​အား​ဖြင့် အ​ပြစ်​ရောက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ သေ​ဘေး​နှင့် မ​တွေ့​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့၏​သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ညစ်​ညူး​စေ​ရ​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ