Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 21:5

Judson Bible

ယဇ်​ပု​ရော​ဟိတ်​သည် ဆံ​ပင်​ကို​မ​ရိတ်​ရ။ ပါး​မုန်း​ကို​မ​ရိတ်​ရ။ အ​သား၌ ခုတ်​ရှ​ခြင်း​ကို​မ​ပြု​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ပြည်​သား​တို့​သည် ဗက်​မြို့၊ ဒိ​ဘုန်​မြို့၌ မြင့်​သော​အ​ရပ်​သို့​တက်၍ ငို​ကြွေး​ကြ၏။ မော​ဘ​ပြည်​သူ​တို့​သည် နေ​ဗော​မြို့၊ မေ​ဒ​ဘ​မြို့​ပေါ်​မှာ ညည်း​တွား​မြည်​တမ်း​ကြ၏။ သူ​တို့​ခေါင်း​ပေါ်​မှာ ဆံ​ပင်​မ​ရှိ။ သူ​တို့ မုတ်​ဆိတ်​ကို​လည်း​ရိတ်​ပယ်​ပြီ။

ထို​ကာ​လ၌ ငို​ကြွေး​မြည်​တမ်း​ခြင်း၊ ဆံ​ပင်​ကို ပယ်​ဖြတ်​ခြင်း၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​ခြင်း​အ​လို​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နှိုး​ဆော်​တိုက်​တွန်း​တော်​မူ​သော်​လည်း၊

ပြည်​သူ​ပြည်​သား အ​ကြီး​အ​ငယ်​တို့​သည် သေ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ မ​သင်္ဂြိုဟ်​ရ။ သူ​တို့​အ​တွက် မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။ ကိုယ်​ကို​ကိုယ်​ရှ​န​ခြင်း၊ ဆံ​ပင်​ရိတ်​ခြင်း​ကို​လည်း မ​ပြု​ရ။

လူ​တိုင်း​ဆံ​ပင်​တို​လျက်၊ မုတ်​ဆိတ်​ကို​ရိတ်​လျက်၊ လက်၌​ရှ​န​လျက်၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် ရှိ​ရ၏။

မိ​မိ​တို့​ဆံ​ပင်​ကို​လည်း မ​ရိတ်​ရ၊ မ​ရှည်​စေ​ခြင်း​ငှာ ဖြတ်​ရ​မည်။

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ထက်​သော​ဓား​တည်း​ဟူ​သော၊ ဆ​တ္တာ​သည်၏​သင်​တုန်း​ကို​ယူ၍၊ ကိုယ်​ဆံ​ပင်​နှင့် မုတ်​ဆိတ်​ကို ရိတ်​ပြီး​မှ၊ ချိန်​ခွင်​နှင့်​ချိန်၍ အ​စု​စု​ခွဲ​ထား​လော့။

မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​လည်း​သေ​မည်။ လူ​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သင့်​ရောက်​မည်​ကို စိုး​ရိမ်​သည်​ဖြစ်၍၊ သင်​တို့​ဦး​ထုပ်​ကို မ​ချွတ်​နှင့်။ အ​ဝတ်​ကို​မ​ဆုတ်​နှင့်။ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော မီး​လောင်​ခြင်း​ကို​သာ ငို​ကြွေး​မြည်​တမ်း​ကြ​စေ။

အ​မျိုး​သား​ချင်း​သူ​ကြီး​အ​တွက်၊ ကိုယ်​ကို​ကိုယ်​ရှုတ်​ချ၍ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။

သင်​တို့​ပွဲ​ခံ​ခြင်း​ကို ညည်း​တွား​ခြင်း ဖြစ်​စေ​မည်။ သီ​ချင်း​ဆို​ခြင်း​ရှိ​သ​မျှ​ကို ငို​ကြွေး​ခြင်း​ဖြစ်​စေ​မည်။ လူ​အ​ပေါင်း​တို့​သည် လျှော်​တေ​အ​ဝတ်​နှင့် ခါး​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆံ​ပင်​ကို ရိတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​စီ​ရင်​မည်။ တစ်​ယောက်​တည်း​သော​သား သေ​သည်​အ​တွက် မြည်​တမ်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဆုံး၌ ခါး​စွာ​သော နေ့​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။

ချစ်​ဖွယ်​သော သင်၏​သား​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​ကြောင့်၊ သူ​တို့​အ​တွက် သင်​သည် ခေါင်း​ပြောင်​အောင် ဆံ​ပင်​ကို​ရိတ်၍ နေ​လော့။ ရွှေ​လင်း​တ​ကဲ့​သို့ ကျယ်​စွာ​သော ခေါင်း​ပြောင်​ခြင်း​ကို ပြု​လော့။

သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သား​ဖြစ်​ကြ၏။ သေ​သော​သူ​အ​တွက် အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ မျက်​မှောင်​ကြား​မှာ အ​မွေး​ကို​မ​ရိတ်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ