Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 21:10

Judson Bible

မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင်၊ အ​ဝတ်​တန်​ဆာ​ဆင်​လျက်၊ အ​ရာ၌​ခန့်​ထား၍ မိ​မိ​ခေါင်း​ပေါ်​မှာ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ခံ​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည်၊ မိ​မိ​ခေါင်း၌ တန်​ဆာ​ကို​မ​ချွတ်​ရ။ မိ​မိ​အ​ဝတ်​ကို မ​ဆုတ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်၍၊ လျှော်​တေ​အ​ဝတ်​ကို​ပတ်​စည်း​သ​ဖြင့်၊ အင်​တန်​ကာ​လ​ပတ်​လုံး၊ သား​ကြောင့် စိတ်​မ​သာ​ညည်း​တွား​လျက်​နေ​လေ​၏။

ဒါ​ဝိဒ်​သည်​လည်း ငို​လျက်၊ ဦး​ခေါင်း​ကို ခြုံ​လျက်၊ ခြေ​နင်း​ကို​ချွတ်​လျက် သံ​လွင်​တောင်​ပေါ်​သို့ တက်​လေ၏။ နောက်​တော်၌ လိုက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ဦး​ခေါင်း​ကို​ခြုံ​လျက် ငို​ကြွေး​လျက် တက်​ကြ၏။

သို့​ပြီး​မှ၊ မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​သို့ ပြန်​လာ၏။ ဟာ​မန်​မူ​ကား ညည်း​တွား​လျက် ခေါင်း​ကို​ခြုံ​လျက်၊ မိ​မိ​အိမ်​သို့ အ​လျင်​အ​မြန်​သွား​ပြီး​လျှင်၊

ထို​အ​ခါ ယော​ဘ​သည်​ထ၍ မိ​မိ​ဝတ်​လုံ​ကို ဆုတ်​လေ၏။ ဆံ​ပင်​ကို​လည်း​ရိတ်၍ မြေ​ပေါ်​မှာ​ဝပ်​လျက် ကိုး​ကွယ်​ပြီး​လျှင်၊ ငါ​သည် အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​က ထွက်​လာ၏။

အာ​ရုန်၏​ခေါင်း​ပေါ်​မှာ​လောင်း​လျက်၊ သူ၏​မုတ်​ဆိတ်​သို့​စီး၍၊ လည်​စွပ်​တိုင်​အောင်​ကျ​သော နံ့​သာ​ဆီ​ကဲ့​သို့​ဖြစ်၏။

ထို​အ​ခါ လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ သူ၏​ခေါင်း​ပေါ်၌​လောင်း​သ​ဖြင့် သူ့​ကို​လိမ်း​ရ​မည်။

တိုး​တိုး​ညည်း​တွား​လော့။ သေ​သော​သူ​အ​တွက် မြည်​တမ်း​ခြင်း​ကို မ​ပြု​နှင့်။ ခေါင်း​ပေါင်း ပေါင်း၍ ခြေ​နင်း​ကို​စီး​လော့။ နှုတ်​ကို​မ​ဖုံး​နှင့်။ ဆင်း​ရဲ​သော​သူ၏ အ​စာ​ကို​မ​စား​နှင့်​ဟု မိန့်​တော်​မူ၏။

နူ​နာ​စွဲ​သော​သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ခေါင်း​ကို​မ​ဖုံး၊ အ​ထက်​နှုတ်​ခမ်း​ကို​ဖုံး​လျက်၊ မ​စင်​ကြယ်၊ မ​စင်​ကြယ်​ဟု ဟစ်​ကြော်​ရ​မည်။

အ​ဘ​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ၊ အ​ရင်​ယဇ်​ပု​ရော​ဟိတ်​လက်​မှ ဘိ​သိက်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ခံ​သော​သူ​သည်၊ ထို​အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​ယဇ်​ပု​ရော​ဟိတ်​သည် သန့်​ရှင်း​သော ပိတ်​ချော​အ​ဝတ်​ကို​ဝတ်၍၊

ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊

လိမ်း​ရန်​ဆီ​ကို အာ​ရုန်​ခေါင်း​ပေါ်​မှာ​လောင်း၍ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ လိမ်း​လေ၏။

သတ်​သော​သူ​ကို သေ​စား​သေ​စေ​သော​သူ၏​လက်​မှ​နုတ်​သ​ဖြင့်၊ အ​ထက်​က​ပြေး၍ မှီ​ခို​သော​မြို့​သို့ ပြန်​ပို့​ရ​မည်။ ဓ​မ္မ​ဆီ​လောင်း​ခြင်း​ကို​ခံ​ရ​သော ယဇ်​ပု​ရော​ဟိတ်​မင်း မ​သေ​မီ​တိုင်​အောင် ထို​မြို့၌​နေ​ရ​မည်။

သူ၏​ဘု​ရား​သ​ခင်​အ​ဖို့ သူ၏​ခေါင်း​ကို ခြား​နား​စေ​သော​ကြောင့်၊ မိ​ဘ၊ ညီ​အစ်​ကို၊ နှ​မ​သေ​သော်​လည်း ညစ်​ညူး​ခြင်း​ကို​မ​ခံ​ရ။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက် ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​ပြီ။ အ​ဘယ်​သက်​သေ​ကို​လို​သေး သ​နည်း။ ဘု​ရား​ကို​လွန်​ကျူး၍​ပြော​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့ ကြား​ရ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ