Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 20:4

Judson Bible

မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​ကို ပြည်​သား​တို့​သည် အ​မှု​မ​ထား၊ မ​သတ်​ဘဲ​နေ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​ကျိန်​သော​သူ​ကို သင်​လွှတ်​သော​ကြောင့်၊ သင့်​အ​သက်​သည် သူ့​အ​သက်​အ​တွက်၊ သင့်​လူ​တို့​သည် သူ့​လူ​တို့​အ​တွက်​အ​ရှုံး​ခံ​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။

ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​လျက်၊ ငါ့​သန့်​ရှင်း​သော​နာ​မ​တော်​ကို ရှုတ်​ချ​လျက်၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား​ဆက်​ကပ်​သော​သူ​ကို၊ ငါ​သည် မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

ထို​သို့​နေ​သော​သူ​နှင့် သူ၏​အိမ်​သူ​အိမ်​သား​တို့​ကို ငါ​သည်​မျက်​နှာ​ထား၍ ထို​သူ​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ မော​လုတ်​ဘု​ရား​ထံ၌ မှား​ယွင်း​သော​သူ​ကို​လည်း​ကောင်း၊ သူ​တို့​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

ဘု​ရား​သ​ခင်​သည် မိုက်​မဲ​သော အ​ချိန်​ကာ​လ​တို့​ကို အ​မှု​မ​ထား​ဖူး​သော်​လည်း၊ ယ​ခု​မှာ ကိုယ်​အ​ပြစ်​ကို မြင်၍ နောင်​တ​ရ​ကြ​လော့​ဟု ခပ်​သိမ်း​သော အ​ရပ်​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​အား ပ​ညတ်​တော်​မူ၏။-

သင်​သည် ဝန်​မ​ခံ​ရ။ သူ၏​စ​ကား​ကို နား​မ​ထောင်​ရ။ သူ့​ကို မြင်​သော​အ​ခါ မ​သ​နား​ရ။ နှ​မြော​သ​ဖြင့် ဝှက်၍​မ​ထား​ရ​ဘဲ၊ သူ့​ကို အ​မှန်​သတ်​ရ​မည်။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျိန်​အပ်​သော​သူ​ဖြစ်​သော​ကြောင့်၊ ရန်​သူ​တို့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်၊ ကျော​ကို​လှည့်​ရ​ကြ၏။ ကျိန်​အပ်​သော​သူ​ကို သင်​တို့​အ​ထဲ​က မ​ပယ်​မ​ရှင်း​လျှင် သင်​တို့​နှင့်​အ​တူ ငါ​မ​နေ။

သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ရာ​ကို သူ​တို့​ရှေ့၌ ချ​ထား​မည်​အ​ကြောင်း၊ ဗာ​လက်​မင်း​ကို အ​ကြံ​ပေး​သော​သူ​တည်း​ဟူ​သော ဗာ​လမ်၏​အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် သင်၏​နေ​ရာ၌​ရှိ​ကြ​သည်​ဖြစ်၍၊ သင်၌ အ​နည်း​ငယ်​သော​အ​ပြစ်​တင်​စ​ရာ ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ