Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 20:23

Judson Bible

သင်​တို့​ရှေ့​မှ ငါ​နှင်​ထုတ်​သော လူ​အ​မျိုး​မျိုး​တို့၏ ဘာ​သာ​ဓ​လေ့​သို့​မ​လိုက်​ရ။ သူ​တို့​သည် ထို​သို့​သော​အ​မှု​ခပ်​သိမ်း​တို့​ကို ပြု​သော​ကြောင့် ငါ​ရွံ​ရှာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် ကြား​သိ​တော်​မူ​လျှင်၊ အ​မျက်​တော်​ထွက်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​လွန်​ရွံ​ရှာ​သ​ဖြင့်၊

ထို​သို့​သော​အ​မှု​အား​ဖြင့် ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ရ။ သင်​တို့​ရှေ့​မှာ ငါ​နှင်​ထုတ်​သော လူ​အ​မျိုး​မျိုး​တို့​သည်၊ ထို​သို့​သော​အ​မှု​ကို​ပြု၍ ညစ်​ညူး​ကြ၏။

သူ​တို့​ပြည်​သည်​လည်း ညစ်​ညူး၏။ ညစ်​ညူး​သော​အ​ပြစ်​ကြောင့် ငါ​ဆုံး​မ၍၊ ထို​ပြည်​သည် မိ​မိ​သား​တို့​ကို အော့​အန်​လိမ့်​မည်။

သင်​တို့​နေ​ဖူး​သော အဲ​ဂု​တ္တု​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​ပို့​ဆောင်​လ​တ္တံ့​သော ခါ​နာန်​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​မ​ကျင့်၊ သူ​တို့​တ​ရား​လမ်း​သို့ မ​လိုက်​ရ​ကြ။

သို့​ဖြစ်၍ သင်​တို့​ရှေ့၌​ပြု​ဖူး​သော ထို​ရွံ​ရှာ​ဖွယ်​ထုံး​စံ​ဓ​လေ့​သို့ သင်​တို့​သည်​လိုက်၍၊ ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ငါ့​ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု မိန့်​တော်​မူ၏။

သိုး​ထိန်း​သုံး​ယောက်​ကို​လည်း တစ်​လ​တွင် ငါ​ပယ်​ဖြတ်၏။ သူ​တို့​ကြောင့် ငါ့​စိတ်​ငြီး​ငွေ့၏။ သူ​တို့​သည်​လည်း ငါ့​ကို ရွံ​ရှာ​ကြ၏။

သင်​ပြု​သော​ကု​သိုလ်​ကြောင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သ​ဘော​ကြောင့်​လည်း​ကောင်း၊ ထို​ပြည်​ကို​သွား၍ ဝင်​စား​ရ​မည်​မ​ဟုတ်။ ထို​လူ​မျိုး​တို့၏​မ​ကောင်း​မှု​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​စ​ကား​တော်​ကို တည်​စေ​လို​သော​ငှာ​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ