ယောက်ျားသည် တိရစ္ဆာန်နှင့်ပေါင်းဖော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်း သတ်ရမည်။
တိရစ္ဆာန်နှင့်သင့်နေသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဖော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုမခံရ။ ရွံရှာဖွယ်သော ရောနှောခြင်းဖြစ်၏။
မိန်းမသည်လည်း၊ မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။
တိရစ္ဆာန်တစ်စုံတစ်မျိုးနှင့် ပေါင်းဖော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။