Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 19:8

Judson Bible

စား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သော​အ​ရာ​ကို ရှုတ်​ချ​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​ဆီ​နှင့်​တူ​အောင်​ဖော်​သော​သူ၊ မ​ဆိုင်​သော​လူ၌ လိမ်း​သော​သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

သန်​ဘက်​နေ့၌ အ​နည်း​ငယ်​ကို​မျှ​စား​လျှင် ရွံ​ရှာ​ဖွယ်​ဖြစ်၏။ စိတ်​တော်​နှင့်​မ​တွေ့။

ကိုယ်​မြေ၌​ဖြစ်​သော စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင်​မ​ရိတ်​ရ။ သိမ်း​ရာ​တွင် ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်၍၊ သန့်​ရှင်း​သော​အ​ရာ​တို့​ကို မ​ရှုတ်​မ​ချ​ရ။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​မှု​ကို​မြင်​သည်​ဖြစ်​စေ၊ သိ​သည်​ဖြစ်​စေ၊ ကျိန်​ဆို​စေ​သော​စ​ကား​ကို​ကြား၍၊ သက်​သေ​ဖြစ်​လျက်​နှင့် ပြန်​မ​ပြော​ဘဲ​နေ​သ​ဖြင့် ပြစ်​မှား၍၊ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကို​ခံ​ရ​သော်​လည်း​ကောင်း၊

ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သော မိတ်​သ​ဟာ​ယ​ယဇ်​သား​ကို အ​ကြင်​သူ​သည် မ​စင်​ကြယ်​သော​အ​ပြစ်​ရှိ​လျက်​နှင့် စား​မိ၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

အ​ကြင်​သူ​သည်​လည်း၊ လူ၌​မ​စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​သား၊ မ​စင်​ကြယ်​သော​ပိုး​ရွ အ​စ​ရှိ​သော၊ မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​ထိ​မိ၍၊ ထာ​ဝ​ရ​ဘု​ရား​နှင့်​ဆိုင်​သော မိတ်​သ​ဟာ​ယ​ယဇ်​သား​ကို​စား၏။ ထို​သူ​ကို သူ၏​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ