Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 19:7

Judson Bible

သန်​ဘက်​နေ့၌ အ​နည်း​ငယ်​ကို​မျှ​စား​လျှင် ရွံ​ရှာ​ဖွယ်​ဖြစ်၏။ စိတ်​တော်​နှင့်​မ​တွေ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ချည်း​နှီး​သော​ပူ​ဇော်​သ​ကာ​ကို နောက်​တစ်​ဖန်​မ​ဆောင်​ခဲ့​ကြ​နှင့်၊ သင်​တို့​မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ငါ​ရွံ​ရှာ​၏။ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ပ​ရိ​သတ်​စည်း​ဝေး​သော​နေ့​ကို​လည်း ရွံ​ရှာ​၏။ အ​ဓ​မ္မ​အ​မှု​နှင့် ရော​နှော​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တို့​ကို သည်း​မ​ခံ​နိုင်။

သင်္ချိုင်း​မှာ​နေ၍၊ သင်္ချိုင်း​တွင်း၌ အိပ်​တတ်၏။ ဝက်​သား​ကို​စား၍၊ ရွံ​ရှာ​ဖွယ်​သော အ​မဲ​သား​ပြုတ်​ရည်​ကို​သောက်​တတ်​၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

သူ​တို့​သည် ငါ့​ပြည်​ကို ညစ်​ညူး​စေ၍၊ ငါ​အ​မွေ​ခံ​သော​မြေ​ကို သူ​တို့​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​သေ​ကောင်​တို့​နှင့် ပြည့်​စေ​သော​ကြောင့်၊ သူ​တို့၌ နှစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ငါ​ပေး​မည်။

ပူ​ဇော်​သော​နေ့​နှင့် နက်​ဖြန်​နေ့၌ စား​ရ​မည်။ သန်​ဘက်​နေ့​တိုင်​အောင် ကျန်​ကြွင်း​လျှင် မီး​ရှို့​ရ​မည်။

စား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သော​အ​ရာ​ကို ရှုတ်​ချ​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

သို့​ရာ​တွင် အင်္ဂါ​ပို​ခြင်း၊ ချို့​တဲ့​ခြင်း​အ​ပြစ်​ရှိ​သော သိုး၊ ဆိတ်၊ နွား​ကို အ​လို​လို ပူ​ဇော်​သ​ကာ​ဖို့​ပူ​ဇော်​ရ​မည်။ သ​စ္စာ​က​တိ​နှင့်​ဆိုင်၍​ပူ​ဇော်​လျှင် စိတ်​တော်​နှင့်​မ​တွေ့။

ထို​သို့​သော​အ​ကောင်​ကို တစ်​ပါး​အ​မျိုး​သား​ဆက်​သော်​လည်း ပျက်​သော​အ​ပြစ်​ပါ​သော​ကြောင့်၊ သင်​တို့၏​ဘု​ရား​သ​ခင့်​ပွဲ​တော်​ဖို့ မ​ပူ​ဇော်​ရ။ ပူ​ဇော်​လျှင်​စိတ်​တော်​နှင့်​မ​တွေ့​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ