Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 19:30

Judson Bible

ငါ့​ဥ​ပုသ်​နေ့​တို့​ကို​စောင့်၍၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ရို​သေ​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား​မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ၊ မိ​မိ​ပြု​စု​သော​ရုပ်​တု​နှင့် တူ​အောင်​လုပ်​သော ရုပ်​တု​တစ်​ခု​ကို တင်​ထား၏။

ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​များ​နှင့် ပြည်​သူ​ပြည်​သား ရှိ​သ​မျှ​တို့​သည်၊ တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ပြု​သည်​အ​တိုင်း၊ အ​လွန်​ပြစ်​မှား​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​သန့်​ရှင်း​စေ​တော်​မူ​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ​ကြ၏။

ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သူ​တို့၏​ပ​ရိ​သတ်​တွင် အ​လွန်​ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ပတ်​လည်​နေ​သော​သူ​အ​ပေါင်း​တို့​ထက် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။

ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​နေ့​ရက်​ကို​အောက်​မေ့​လော့။

ဘု​ရား​သ​ခင့်​အိမ်​တော်​သို့​သွား​သော​အ​ခါ၊ သင့်​ခြေ​တို့​ကို စောင့်​လော့။ လူ​မိုက်​ပြု​သော ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ထက်၊ တ​ရား​နာ​ခြင်း​အ​မှု​ကို သာ၍​ကြိုး​စား​လော့။ လူ​မိုက်​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဆင်​ခြင်​တတ်​ကြ။

အ​သက်​ကြီး​သော​သူ၊ အ​သက်​ငယ်​သော​သူ၊ အ​ပျို​မ၊ သူ​ငယ်၊ မိန်း​မ​တို့​ကို ရှင်း​ရှင်း​သတ်​ကြ​လော့။ သို့​ရာ​တွင်၊ အ​မှတ်​ပါ​သော​သူ​ကို မ​ချဉ်း​ကပ်​ကြ​နှင့်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၌ အ​ဦး​ပြု​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​ကို ငါ​ကြား၏။ သူ​တို့​သည်​လည်း၊ အိမ်​တော်​ရှေ့​မှာ​ရှိ​သော အ​သက်​ကြီး​သူ​တို့​ကို ရှေ့​ဦး​စွာ​သတ်​ကြ၏။

ထို​အ​ခါ၊ မော​ရှေ​သည် အာ​ရုန်​ကို​ခေါ်၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ငါ​သည် သန့်​ရှင်း​ခြင်း​ရှိ​သည်​ဟု ငါ့​ထံ​သို့​ချဉ်း​ကပ်​သူ​တို့​သည် မှတ်​ရ​မည်။ လူ​အ​ပေါင်း​တို့​သည် ငါ့​ဘုန်း​ကို​ချီး​မြှင့်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​ရာ၌၊ ထို​သို့​သော​အ​မှု​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ဟု​ဆို​လျှင်၊ အာ​ရုန်​သည် တိတ်​ဆိတ်​စွာ​နေ​လေ၏။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​မိ​တို့​တွင်​ရှိ​သော ငါ့​တဲ​တော်​ကို ညစ်​ညူး​စေ၍၊ မိ​မိ​တို့​မ​စင်​ကြယ်​ရာ၌ မ​သေ​စေ​ခြင်း​ငှာ၊ သူ​တို့​ကို မ​စင်​ကြယ်​ခြင်း​နှင့် ကင်း​စင်​စေ​ရ​မည်။

သင်၏​အစ်​ကို​အာ​ရုန်​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ၊ သေ​တ္တာ​အ​ပေါ်​မှာ​တင်​သော​အ​ဖုံး​ကို ကွယ်​ကာ​သော ကု​လား​ကာ​အ​တွင်း​သို့ အ​ခါ​ခပ်​သိမ်း​မ​ဝင်​စေ​ခြင်း​ငှာ ဆင့်​ဆို​လော့။ ငါ​သည် သေ​တ္တာ​ဖုံး​အ​ပေါ်၊ မိုး​တိမ်၌​ထင်​ရှား​မည်။

လူ​တိုင်း ကိုယ်​မိ​ဘ​ကို​ရို​သေ​ရ​မည်။ ငါ့​ဥ​ပုသ်​နေ့​တို့​ကို​လည်း စောင့်​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ငါ့​ဥ​ပုသ်​နေ့​တို့​ကို​စောင့်၍၊ ငါ့​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ရို​သေ​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ငါ့​အိမ်​ကို ဆု​တောင်း​ရာ​အိမ်​ဟူ၍ ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟု ကျမ်း​စာ၌​လာ​သော်​လည်း၊ သင်​တို့​သည် ထို​အိမ်​ကို ဓား​ပြ​တွင်း ဖြစ်​စေ​ကြ​ပြီ​တ​ကား​ဟု မိန့်​တော်​မူ၏။-

ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​သည် ရုပ်​တု​တို့​နှင့် အ​ဘယ်​သို့ စပ်​ဆိုင်​ရ​မည်​နည်း။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​တွင် ငါ​ကျိန်း​ဝပ်​မည်။ သူ​တို့​တွင်​လှည့်​လည်၍ သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ဖြစ်​ကြ၏။-

ဘု​ရား​သ​ခင်၏​အိမ်​တော်​သား​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​ရ​သော အ​ချိန်​ရှိ​ပြီ။ ငါ​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​လျှင်၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂ​လိ​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​တို့၏ အ​မှု​သည် အ​ဘယ်​သို့ ပြီး​လိမ့်​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ