ဝတ်ပြု 19:29Judson Bibleကိုယ်သမီးကို ပြည့်တန်ဆာဖြစ်စေခြင်းငှာ မရှုတ်မချရ။ သို့ပြုလျှင် တစ်ပြည်လုံးသည် မတရားသောမေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့်ပြည့်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘအိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘအိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလအမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။