Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 19:28

Judson Bible

သေ​သော​သူ​အ​တွက် ကိုယ်​အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ သံ​ပူ​မ​ထိုး​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​လည်း ကျယ်​သော​အ​သံ​နှင့် ဟစ်၍ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ကိုယ်​အ​သွေး​နှင့် ကိုယ်​ကို​လူး​ခြင်း​ငှာ ဓား၊ သံ​စူး​နှင့် ကိုယ်​ကို​ရှ​စေ​ကြ၏။

ပြည်​သူ​ပြည်​သား အ​ကြီး​အ​ငယ်​တို့​သည် သေ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ မ​သင်္ဂြိုဟ်​ရ။ သူ​တို့​အ​တွက် မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။ ကိုယ်​ကို​ကိုယ်​ရှ​န​ခြင်း၊ ဆံ​ပင်​ရိတ်​ခြင်း​ကို​လည်း မ​ပြု​ရ။

လူ​တိုင်း​ဆံ​ပင်​တို​လျက်၊ မုတ်​ဆိတ်​ကို​ရိတ်​လျက်၊ လက်၌​ရှ​န​လျက်၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် ရှိ​ရ၏။

ဦး​ခေါင်း​အ​နား​ပတ်​လည်၌ ဆံ​ပင်​ကို​ဝန်း၍​မ​ရိတ်​ရ။ ပါး​မုန်း​ကို​လည်း မ​ရိတ်​ရ။

ကိုယ်​သ​မီး​ကို ပြည့်​တန်​ဆာ​ဖြစ်​စေ​ခြင်း​ငှာ မ​ရှုတ်​မ​ချ​ရ။ သို့​ပြု​လျှင် တစ်​ပြည်​လုံး​သည် မ​တ​ရား​သော​မေ​ထုန်​သို့​လိုက်၍၊ အ​ဓ​မ္မ​အ​မှု​နှင့်​ပြည့်​လိမ့်​မည်။

တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျိုး​သား​ချင်း​သေ​သော​သူ​အ​တွက် သင်​တို့​တွင်​အ​ဘယ်​သူ​မျှ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။

အ​သေ​ကောင်​ကို မ​ချဉ်း​ရ။ မိ​ဘ​အ​တွက် ညစ်​ညူး​ခြင်း​ကို​မ​ခံ​ရ။

ယဇ်​ပု​ရော​ဟိတ်​သည် ဆံ​ပင်​ကို​မ​ရိတ်​ရ။ ပါး​မုန်း​ကို​မ​ရိတ်​ရ။ အ​သား၌ ခုတ်​ရှ​ခြင်း​ကို​မ​ပြု​ရ။

နေ့​ည​မ​ပြတ် သင်္ချိုင်း​တ​စ​ပြင်၌​လည်း​ကောင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ ဟစ်​ကြော်​လျက်၊ ကျောက်​ဇောင်း​နှင့် ကိုယ်​ကို​ရှ​စေ​လျက် နေ​တတ်၏။-

ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည်​သ​ခင်​ကို မြင်​ရ​ကြ​ပြီ​ဟု သော​မ​အား​ပြော​ဆို​ကြ​လျှင်၊ သော​မ​က၊ လက်​တော်၌​သံ​ရိုက်​ရာ​ချက်​ကို မ​မြင်၊ သံ​ရိုက်​ရာ​ချက်​ကို လက်​ညှိုး​နှင့် မ​တို့​မ​စမ်း၊ နံ​ဘေး​တော်​ကို​လည်း လက်​နှင့် မ​စမ်း​မ​သပ်​ရ​လျှင် အ​ကျွန်ုပ်​မ​ယုံ​ဟု​ဆို၏။-

သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သား​ဖြစ်​ကြ၏။ သေ​သော​သူ​အ​တွက် အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ မျက်​မှောင်​ကြား​မှာ အ​မွေး​ကို​မ​ရိတ်​ရ။

ထို​ညှဉ်း​ဆဲ​ခြင်း၏ မီး​ခိုး​သည် က​မ္ဘာ​အ​ဆက်​ဆက် တက်​လျက်​ရှိ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏ နာ​မ​တံ​ဆိပ်​လက်​မှတ်​ကို ခံ​သော​သူ​တို့​သည် နေ့​ည​မ​ပြတ် သက်​သာ​မ​ရ​ကြ​ဟု၊ လိုက်၍ ကြီး​သော​အ​သံ​နှင့် ပြော​ဆို၏။-

ထို​မှ​တစ်​ပါး၊ တ​တိ​ယ​ကောင်း​ကင်​တ​မန်​က၊ အ​ကြင်​သူ​သည် သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏​တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌ ခံ​သည်​ဖြစ်​စေ၊ လက်၌ ခံ​သည်​ဖြစ်​စေ၊-

မီး​နှင့်​ရော​သော ဖန်​ရေ​ကန်​ကဲ့​သို့ ရှိ​သည်​ကို​လည်း မြင်​ရ၏။ သား​ရဲ​နှင့်​လည်း​ကောင်း၊ သူ၏ ရုပ်​တု​နှင့်​လည်း​ကောင်း၊ သူ၏​နာ​မ အ​ရေ​အ​တွက်​နှင့်​လည်း​ကောင်း၊ လွတ်၍ အောင်​မြင်​သော သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ စောင်း​တော်​တို့​ကို ကိုင်​လျက်၊ ဖန်​ရေ​ကန်​နား​မှာ ရပ်​နေ​ကြ​သည်​ကို မြင်​ရ၏။-

ပ​ထ​မ​သူ​သည် သွား၍ မိ​မိ​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော လူ​တို့၌ အ​လွန်​ဆိုး​သော အ​နာ​စိမ်း​ပေါက်​လေ၏။-

သား​ရဲ​ကို ဖမ်း​မိ​ကြ၏။ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍၊ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​တို့​ကို လှည့်​ဖြား၍ သား​ရဲ​ရှေ့၌ နိ​မိတ်​များ​ကို ပြ​တတ်​သော မိ​စ္ဆာ​ပ​ရော​ဖက်​ကို​လည်း ဖမ်း​မိ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​နှစ်​ဦး​ကို ကန့်​နှင့် လောင်​သော​မီး​အိုင်​ထဲ​သို့ ချ​ပစ်​ကြ၏။-

ပ​လ္လင်​များ​ကို​လည်း ငါ​မြင်၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော သူ​တို့​သည် တ​ရား​စီ​ရင်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို မ​ကိုး​ကွယ်၊ သူ၏ တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌​မ​ခံ၊ လက်၌​မ​ခံ​ဘဲ​နေ၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​နှင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်၊ လည်​ပင်း​ဖြတ်​ခြင်း​ကို ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ငါ​မြင်၏။ သူ​တို့​သည် အ​သက်​ရှင်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ