Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 19:27

Judson Bible

ဦး​ခေါင်း​အ​နား​ပတ်​လည်၌ ဆံ​ပင်​ကို​ဝန်း၍​မ​ရိတ်​ရ။ ပါး​မုန်း​ကို​လည်း မ​ရိတ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဟာ​နုန်​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ကို ယူ​ပြီး​လျှင်၊ မုတ်​ဆိတ်​ကို​ရိတ်၍ အ​ဝတ်​ကို တင်​ပါး​တိုင်​အောင်​ဖြတ်​ပြီး​မှ လွှတ်​လိုက်​လေ၏။

ပြည်​သား​တို့​သည် ဗက်​မြို့၊ ဒိ​ဘုန်​မြို့၌ မြင့်​သော​အ​ရပ်​သို့​တက်၍ ငို​ကြွေး​ကြ၏။ မော​ဘ​ပြည်​သူ​တို့​သည် နေ​ဗော​မြို့၊ မေ​ဒ​ဘ​မြို့​ပေါ်​မှာ ညည်း​တွား​မြည်​တမ်း​ကြ၏။ သူ​တို့​ခေါင်း​ပေါ်​မှာ ဆံ​ပင်​မ​ရှိ။ သူ​တို့ မုတ်​ဆိတ်​ကို​လည်း​ရိတ်​ပယ်​ပြီ။

ပြည်​သူ​ပြည်​သား အ​ကြီး​အ​ငယ်​တို့​သည် သေ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ မ​သင်္ဂြိုဟ်​ရ။ သူ​တို့​အ​တွက် မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ။ ကိုယ်​ကို​ကိုယ်​ရှ​န​ခြင်း၊ ဆံ​ပင်​ရိတ်​ခြင်း​ကို​လည်း မ​ပြု​ရ။

ရှေ​ခင်​မြို့၊ ရှိ​လော​မြို့၊ ရှ​မာ​ရိ​မြို့​မှ ထွက်​လာ​သော လူ​ရှစ်​ကျိပ်​တို့​သည် မိ​မိ​တို့​မုတ်​ဆိတ်​ကို ရိတ်​ပြီး​လျှင်၊ အ​ဝတ်​စုတ်​ကို​ဝတ်၍ ရှ​န​သော​ကိုယ်​ရှိ​လျက်၊ ပူ​ဇော​သ​ကာ​နှင့် နံ့​သာ​ပေါင်း​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​လျက် ရောက်​လာ​ကြ၏။

လူ​တိုင်း​ဆံ​ပင်​တို​လျက်၊ မုတ်​ဆိတ်​ကို​ရိတ်​လျက်၊ လက်၌​ရှ​န​လျက်၊ ခါး၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် ရှိ​ရ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ၊

မိ​မိ​တို့​ဆံ​ပင်​ကို​လည်း မ​ရိတ်​ရ၊ မ​ရှည်​စေ​ခြင်း​ငှာ ဖြတ်​ရ​မည်။

သူ​တို့​သည်​လည်း လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ပြင်း​စွာ​သော ထိတ်​လန့်​ခြင်း​နှင့် ကိုယ်​ကို​ခြုံ​လျက်၊ တစ်​ယောက်​မျှ မ​ကြွင်း၊ မျက်​နှာ​ရှက်​ကြောက်​လျက်၊ ဆံ​ပင်​ဖြတ်​လျက် ရှိ​ကြ​လိမ့်​မည်။

သေ​သော​သူ​အ​တွက် ကိုယ်​အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ သံ​ပူ​မ​ထိုး​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ယဇ်​ပု​ရော​ဟိတ်​သည် ဆံ​ပင်​ကို​မ​ရိတ်​ရ။ ပါး​မုန်း​ကို​မ​ရိတ်​ရ။ အ​သား၌ ခုတ်​ရှ​ခြင်း​ကို​မ​ပြု​ရ။

သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သား​ဖြစ်​ကြ၏။ သေ​သော​သူ​အ​တွက် အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ မျက်​မှောင်​ကြား​မှာ အ​မွေး​ကို​မ​ရိတ်​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ