Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 19:23

Judson Bible

သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍၊ စား​အပ်​သော​အ​ပင်​အ​မျိုး​မျိုး​ကို စိုက်​ပြီး​မှ၊ သုံး​နှစ်​ပတ်​လုံး​သီး​သော​အ​သီး​ကို၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​အ​သီး​ဟူ၍ မှတ်​ရ​မည်။ ထို​အ​သီး​ကို မ​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ပြော​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သည်​ဖြစ်​၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​နှုတ်​နှင့် ပြော​တတ်​သော အ​ကျွန်ုပ်၏​စ​ကား​ကို ဖာ​ရော​မင်း​သည် အ​ဘယ်​သို့​နား​ထောင်​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ လျှောက်​ဆို​၏။

မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည်​အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​နှုတ်​ရှိ​သည်​ဖြစ်၍၊ ဖာ​ရော​ဘု​ရင်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​ဘယ်​သို့ နား​ထောင်​ပါ​လိမ့်​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ​လျှောက်​ဆို၏။

သူ​တို့​သည် နား​ထောင်​မည်​အ​ကြောင်း၊ အ​ဘယ်​သူ​ကို ငါ​ပြော၍ သ​တိ​ပေး​ရ​မည်​နည်း။ သူ​တို့​နား​သည် အ​ရေ​ဖျား​လှီး​ခြင်း​မ​ခံ​သော နား​ဖြစ်၍၊ သူ​တို့​သည် နား​မ​ထောင်​နိုင်​ကြ။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် သူ​တို့​ကဲ့​ရဲ့​စ​ရာ​ဖြစ်၏။ ထို​နှုတ်​က​ပတ်​တော်​ကို မ​နှစ်​သက်​ကြ။

အ​ဋ္ဌ​မ​နေ့၌ သား​ယောက်ျား​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပြု​ရ​မည်။

သင်​တို့​ပိုင်​ထိုက်​ရာ၊ ငါ​ပေး​သော​ခါ​နာန်​ပြည်​သို့ သင်​တို့​ရောက်​သော​အ​ခါ၊ သင်​တို့​နေ​ရာ​ထို​ပြည်​တွင် အိမ်​တစ်​စုံ​တစ်​ခု၌ နူ​နာ​ကို​ငါ​စွဲ​စေ​လျှင်​လည်း​ကောင်း၊

ထို​ယောက်ျား​ပြု​မိ​သော​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​သိုး​ကို၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ပူ​ဇော်​ရ​မည်။ ထို​ယောက်ျား​သည် အ​ပြစ်​လွတ်​ခြင်း​သို့​ရောက်​လိမ့်​မည်။

စ​တု​တ္ထ​နှစ်​တွင် သီး​သော​အ​သီး​ရှိ​သ​မျှ​သည်​သန့်​ရှင်း၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ဖို့​ရာ ဖြစ်​ရ​မည်။

သိုး၊ ဆိတ်၊ နွား​တို့​သည်​မွေး​ဖွား​သော​အ​ခါ ခု​နစ်​ရက်​အ​တွင်း​တွင် သား​ငယ်​ကို အ​မိ​နှင့် မ​ကွာ​စေ​ရ။ အ​ဋ္ဌ​မ​နေ့​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ဖို့​တော်​သင့်၏။

သင်​တို့၏​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ခဲ့​သော​နေ့ မ​ရောက်​မီ၌ မုန့်၊ ဆန်​လှော်၊ စိမ်း​သော​အ​သီး​အ​နှံ​ကို မ​စား​ရ။ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။

လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ