Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 18:7

Judson Bible

သင်၏​အ​ဘ​နှင့်​သာ​ဆိုင်​သော သင်၏​အ​မိ​ကို မ​ချဉ်း​ရ။ ကိုယ်​အ​မိ​ဖြစ်​သော​ကြောင့် သံ​ဝါ​သ​မ​ပြု​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

လာ​ကြ။ ငါ​တို့​အ​ဘ​ကို စ​ပျစ်​ရည်​တိုက်​ကြ​စို့။ ငါ​တို့​အ​ဘ၏​အ​မျိုး​အ​နွယ်​ကို စောင့်​မ၍၊ သူ​နှင့်​အိပ်​ကြ​စို့​ဟု ညီ​မ​ကို​ပြော​ဆို၏။

သင့်​အ​လယ်၌ အ​ဘ၏​မ​ယား​ကို ပြစ်​မှား​ကြ၏။ ဥ​တု​ရောက်​သော​မိန်း​မ​နှင့် မှား​ယွင်း​ကြ၏။

သင်​တို့​တွင် အ​ဘယ်​သူ​မျှ ကိုယ်​ပေါက်​ဖော်​တော်​သော​သူ​ကို ချဉ်း၍ သံ​ဝါ​သ​မ​ပြု​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ကိုယ်​အ​ဘ၏​မ​ယား​နှင့် သင့်​နေ​သော​သူ​သည် အ​ဘ​နှင့်​သာ​ဆိုင်​သော​အ​ရာ​ကို ပြစ်​မှား​သော​ကြောင့်၊ ထို​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။

ယောက်ျား​သည် သ​မီး​နှင့်​အ​မိ​ကို မ​ယား​ပြု​လျှင်၊ မ​တ​ရား​သော​အ​မှု​ဖြစ်၏။ သင်​တို့​တွင် မ​တ​ရား​သော​အ​မှု​မ​ရှိ​စေ​ခြင်း​ငှာ၊ ထို​သူ​သုံး​ယောက်​တို့​ကို မီး​ရှို့​ရ​မည်။

အ​ဘ​နှင့်​သာ​ဆိုင်​သော အ​ဘ၏​မ​ယား​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ