Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 18:20

Judson Bible

ကိုယ်​ကို​ညစ်​ညူး​စေ​လျက်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငို​ကြွေး​မြည်​တမ်း​ချိန်​လွန်​မှ၊ ဒါ​ဝိဒ်​သည် လူ​ကို​စေ​လွှတ်၍ ထို​မိန်း​မ​ကို နန်း​တော်​သို့​ခေါ်​စေ​သ​ဖြင့်၊ သူ​သည် မိ​ဖု​ရား​အ​ဖြစ်​သို့​ရောက်၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆိုး​သော​အ​မှု​ဖြစ်​သ​တည်း။

သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။

ထို​သို့​သော​မိန်း​မ​သည် အ​ဆင်း​လှ​သော်​လည်း၊ တပ်​မက်​သော​စိတ်​မ​ရှိ​နှင့်။ သူ​သည် မျက်​ခမ်း​တို့​ဖြင့် သင့်​ကို မ​ကျော့​မိ​စေ​နှင့်။

တောင်​ပေါ်​မှာ​မ​စား၊ ဣ​သ​ရေ​လ​အ​မျိုး ကိုး​ကွယ်​သော ရုပ်​တု​တို့​ကို မ​ဖူး​မ​မျှော်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား၊ ဥ​တု​ရောက်​သော မိန်း​မ​ကို မ​ချဉ်း​ကပ်၊

သူ့​မ​ယား​ကို​ပြစ်​မှား​သော​သူ​သည် မှား​ယွင်း​သော​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်​ဟု​ဆို​လျက်​ပင် ကိုယ်​တိုင်​ပြစ်​မှား​သ​လော။ ရုပ်​တု​ကို​စက်​ဆုပ်​ရွံ​ရှာ​လျက်​ပင် ဗိ​မာန်​တော်​ကို လု​ယူ​ဖျက်​ဆီး​သ​လော။-

မ​တ​ရား​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ ထို​အ​မှု​ကို​ခံ​သော​သူ၊-

ဇာ​တိ​ပ​က​တိ​အ​ကျင့်​တို့​သည် ထင်​ရှား​ကြ၏။ ထို​အ​ကျင့်​တို့​မူ​ကား၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ လွန်​ကျူး​ခြင်း၊-

လင်​ရှိ​သော​မိန်း​မ​နှင့် အ​ခြား​သော​ယောက်ျား သင့်​နေ​သည်​ကို တွေ့​မိ​လျှင်၊ ထို​ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ ထို​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှား​ရ​မည်။

အ​ပျို​ကို ယောက်ျား​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​မှ အ​ခြား​သော ယောက်ျား​သည် တော၌​တွေ့၍ အ​နိုင်​အ​ထက်​ပြု​လျှင်၊ ထို​ယောက်ျား​တစ်​ယောက်​တည်း​ကို​သာ အ​သေ​သတ်​ရ​မည်။

သူ့​မ​ယား​ကို မ​ပြစ်​မှား​နှင့်။

ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ