ဥတုရောက်၍ မစင်ကြယ်သောမိန်းမကိုလည်း မချဉ်းရ။
တစ်ဖန် လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကိုအထံတော်သို့ခေါ်ခဲ့၍ ယှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ပြန်ပြီးမှ၊
တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊
သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သောမိန်းမနှင့် မှားယွင်းကြ၏။
မိန်းမသည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဖွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ်သကဲ့သို့ ခုနစ်ရက်မစင်ကြယ်နေရမည်။
မိန်းမသည်ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌ နေရမည်။ သူ့ကိုထိသောသူသည် ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ဥတုရောက်သောမိန်းမနှင့် သံဝါသပြုသောသူသည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာရှိသမျှလည်း မစင်ကြယ်ဖြစ်၏။
ကိုယ်မယားကိုနှောင့်ယှက်ခြင်းငှာ သူအသက်ရှင်စဉ်တွင် သူ၏ညီအစ်မကို မသိမ်းရ။
ယောက်ျားသည် ဥတုရောက်လျက်ရှိသောမိန်းမနှင့် သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေးသွန်အနာကိုထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကိုခံရကြမည်။