Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 18:16

Judson Bible

ညီ​အစ်​ကို​နှင့်​သာ​ဆိုင်​သော ညီ​အစ်​ကို၏​မ​ယား​ကို​လည်း​ကောင်း မ​ချဉ်း​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ညီ​အစ်​ကို၏​မ​ယား​နှင့် သင့်​နေ​လျှင် ညစ်​ညူး​သော​အ​မှု​ဖြစ်၏။ ညီ​အစ်​ကို​နှင့်​သာ​ဆိုင်​သော​အ​ရာ​ကို ပြစ်​မှား​သော​ကြောင့် ထို​သူ​တို့​သည် သား​မ​ရ​ဘဲ​နေ​ရ​လိမ့်​မည်။

အ​ရှင်​ဘု​ရား၊ လူ​မည်​သည်​ကား သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သူ၏​မ​ယား​ကို သူ့​ညီ​သိမ်း​ယူ၍ အစ်​ကို​အ​မျိုး မ​ပြတ်​ဆက်​နွယ်​စေ​ဟု မော​ရှေ​စီ​ရင်​ပါ​ပြီ။-

အ​ရှင်​ဘု​ရား၊ လူ​မည်​သည်​ကား သား​မ​ရှိ​ဘဲ သေ​သွား၍ မ​ယား​ကျန်​ရစ်​လျှင်၊ သူ့​ညီ​သည် ထို​မိန်း​မ​ကို သိမ်း​ယူ၍ အစ်​ကို​အ​မျိုး​မ​ပြတ် ဆက်​နွယ်​စေ​ဟု အ​ကျွန်ုပ်​တို့​အား မော​ရှေ​စီ​ရင်​ရေး​ထား​ပါ​ပြီ။-

အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ ဖိ​လိ​ပ္ပု၏ ခင်​ပွန်း​ဟေ​ရော​ဒိ​ကို သိမ်း​ယူ​သ​ဖြင့်၊ ထို​မိန်း​မ​အ​ကြောင်း​ကြောင့် စေ​လွှတ်၍ ယော​ဟန်​ကို ဖမ်း​ဆီး​ပြီး​လျှင် ထောင်​ထဲ​မှာ ချုပ်​နှောင်​လေ၏။-

ထို​နောက် စော်​ဘွား​ဟေ​ရုဒ်​သည် မိ​မိ​ညီ၏​ခင်​ပွန်း ဟေ​ရော​ဒိ​အ​ကြောင်း​မှ​စ၍၊ မိ​မိ​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ယော​ဟန်​သည် ဖော်​ပြ​ဆုံး​မ​သော​ကြောင့်၊-

အ​တူ​နေ​သော ညီ​အစ်​ကို​တို့​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သား​မ​ရှိ​ဘဲ​သေ​လျှင်၊ သေ​သော​သူ၏​မ​ယား​သည် အ​ခြား​တစ်​ပါး​သော​လူ​စိမ်း​နှင့် စုံ​ဖက်​ခြင်း​ကို မ​ပြု​ရ။ သူ၏​လင်​ညီ​သည် သူ့​ကို​သိမ်း​ယူ​ဆက်​ဆံ၍ မ​ရီး၌ ပြု​အပ်​သော​ဝတ်​ကို​ပြု​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ