အမိခြားသော်လည်း တစ်ဘတည်းဖြစ်သော နှမကိုမချဉ်းရ။
တာမာကလည်း မပြုပါနှင့် ငါ့မောင်။ ငါ့ကို မရှုတ်ချပါနှင့်။ ဣသရေလအမျိုး၌ ဤသို့သောအမှုကို မပြုသင့်၊ ဤအမှုဆိုးကို မပြုပါနှင့်။
ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကိုမချဉ်းရ။
သင့်အဘ၏ပေါက်ဖော်ရင်းဖြစ်သော အဘ၏နှမကိုလည်းကောင်း၊
တစ်အိမ်တည်း၌ မွေးဖွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဖွားသည်ဖြစ်စေ၊ သင်၏နှမကိုမချဉ်းရ။