Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 17:6

Judson Bible

ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ယဇ်​ကောင်​အ​သွေး​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၌​ရှိ​သော ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ ဖျန်း၍၊ ဆီ​ဥ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​ရာ​ဖို့​မီး​ရှို့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​အူ​ကို​ဖုံး​သော​ဆီ​ဥ​ရှိ​သ​မျှ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။

သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ငါ့​ထံ​မှ​ထွက်၍ လမ်း​လွှဲ​သော​အ​ခါ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို စောင့်​နေ​သော လေ​ဝိ​အ​မျိုး​ဖြစ်​သော ဇာ​ဒုတ်​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​အ​မှု​ကို​ဆောင်​ခြင်း​ငှာ ငါ့​ထံ​သို့ ချဉ်း​ကပ်​ရ​ကြ​မည်။ ငါ့​အား ဆီ​ဥ​နှင့်​အ​သွေး​ကို​ပူ​ဇော်​ခြင်း​ငှာ အ​ရှေ့​မှာ ရပ်​ရ​ကြ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တော၌​ပူ​ဇော်​သော​ယဇ်​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှာ ယဇ်​ပု​ရော​ဟိတ်​ရှေ့​သို့​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​စေ​ခြင်း​ငှာ ထို​သို့​စီ​ရင်​ရ​သ​တည်း။

ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ အ​စာ​အာ​ဟာ​ရ​ဖြစ်​သ​တည်း။

ဆိတ်​ခေါင်း​ပေါ်​မှာ​မိ​မိ​လက်​ကို​တင်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှာ သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​တို့​သည် အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ အ​စာ​အာ​ဟာ​ရ​ဖြစ်​သ​တည်း။ ဆီ​ဥ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​ဆိုင်​တော်​မူ၏။

ပူ​ဇော်​သော​နွား၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

အာ​ရုန်၏​သား​တို့​သည် ယဇ်​ပ​လ္လင်​အ​ပေါ်၌​ရှိ​သော ထင်း​မီး​ပေါ်​မှာ​တင်​သော ယဇ်​ကောင်​နှင့်​အ​တူ မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

ပူ​ဇော်​သော​သိုး၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှာ​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​တို့​သည် အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ယူ​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

နွား​သား​ဦး၊ သိုး​သား​ဦး၊ ဆိတ်​သား​ဦး​သည် သန့်​ရှင်း​သော​ကြောင့်​မ​ရွေး​ရ။ သူ၏​အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​ရ​မည်။ ဆီ​ဥ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ၍၊ မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ