Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 16:8

Judson Bible

အာ​ရုန်​သည် ထို​ဆိတ်​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စာ​ရေး​တံ​တစ်​တံ၊ လွတ်​လပ်​လ​ဟာ​အ​ဖို့​တစ်​တံ၊ စာ​ရေး​တံ​နှစ်​တံ​ချ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

စာ​ရေး​တံ​တို့​ကို အိတ်​ထဲ၌​လောင်း​လျက်​ရှိ​ရာ​တွင်၊ ခွဲ​ဝေ​စီ​ရင်​ခြင်း​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ၏။

ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့ အ​မွေ​ခံ​စ​ရာ​ဖို့ စာ​ရေး​တံ​ချ၍ ဝေ​ရ​သော​မြေ၊ ဤ​ရွေ့​ကား၊ သူ​တို့​ပိုင်း​ခြား၍ နေ​ရ​သော ခ​ရိုင်​အ​သီး​အ​သီး​ဖြစ်​သ​တည်း​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

လွတ်​လပ်​လ​ဟာ​အ​ဖို့ စာ​ရေး​တံ​ကျ​သော​ဆိတ်​ကို၊ အ​သက်​ရှင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆက်၍၊ သူ့​အ​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ပြီး​လျှင်၊ တော၌ လွတ်​လပ်​လ​ဟာ​သို့ လွှတ်​လိုက်​ရ​မည်။

လွတ်​လပ်​လ​ဟာ​သို့ ဆိတ်​ကို​လွှတ်​လိုက်​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ထို​နောက်​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။

ဆိတ်​နှစ်​ကောင်​ကို​လည်း​ယူ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စာ​ရေး​တံ​ကျ​သော​ဆိတ်​ကို​ဆောင်​ခဲ့၍ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်​ရ​မည်။

နောက်​တစ်​ဖန် သူ​တို့​က၊ လာ​ကြ။ အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု တိုင်​ပင်၍၊ စာ​ရေး​တံ​ချ​လျှင် ယော​န၌ စာ​ရေး​တံ​ကျ၏။

သို့​ရာ​တွင် ထို​ပြည်​ကို စာ​ရေး​တံ​ချ၍ ဝေ​ရ​မည်။ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။

သင်​တို့​အ​ဆွေ​အ​မျိုး​တို့​အား စာ​ရေး​တံ​ချ၍ ထို​မြေ​ကို​ဝေ​ရ​မည်။ လူ​များ​လျှင်​များ​သော​မြေ၊ လူ​နည်း​လျှင် နည်း​သော​မြေ​ကို ပေး​ရ​မည်။ အ​သီး​အ​သီး​တို့​သည် စာ​ရေး​တံ​ကျ​သည်​အ​တိုင်း၊ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ