Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 16:33

Judson Bible

သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖို့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်​ကို​ယူ၍ သန့်​ရှင်း​ရာ​ဌာ​န​ကို စင်​ကြယ်​စေ​ရ​မည်။

အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို ဆောင်​ခဲ့​ပြီး​လျှင်၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍၊ မိ​မိ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို သတ်​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပြစ်​မှား​သော အ​ပြစ်​အ​မျိုး​မျိုး​တို့​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​ထဲ​မှာ​နေ​ရ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့ ပြု​ရ​မည်။

သန့်​ရှင်း​ရာ​ဌာ​န၌ ကိုယ်​ကို​ရေ​ချိုး၍၊ မိ​မိ​အ​ဝတ်​ကို​ဝတ်​ပြီး​မှ တစ်​ဖန်​ထွက်​လာ၍၊ မိ​မိ​မီး​ရှို့​ရာ​ယဇ်၊ လူ​များ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ မိ​မိ​အ​ဖို့​နှင့် လူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။

အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော မိ​မိ​အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​ပူ​ဇော်၍၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

ထို​နေ့၌ အ​ဘယ်​အ​လုပ်​ကို​မျှ မ​လုပ်​ရ။ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​သော​နေ့​ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ