ဝတ်ပြု 16:31Judson Bibleထိုနေ့ရက်သည် ထာဝရပညတ်တော်အတိုင်း၊ သင်တို့ငြိမ်ဝပ်ရာဥပုသ်နေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် မြင်တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူသနည်းဟု ဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင်ပျော်မွေ့၍၊ ကျွန်တို့ကိုပင်ပန်းစွာလုပ်စေကြ၏။
ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့သော လက္ခဏာရှိသလော။ လူသည် တစ်ရက်တွင် ခြိုးခြံစွာကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဖို့ လျှော်တေနှင့်ပြာကို ခင်းခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင်ခြင်းဟူ၍လည်းကောင်း၊ ထာဝရဘုရား နှစ်သက်တော်မူသောနေ့ရက် ဟူ၍လည်းကောင်း မှည့်အပ်သလော။