တစ်ဖန် အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင်ဝင်သောအခါ၊ ဝတ်သောပိတ်ချောအဝတ်ကိုချွတ်၍ ထိုအရပ်၌ထားရမည်။
ယဇ်ပုရောဟိတ်တို့သည် ဝင်သောအခါ အမှုတော်ဆောင် အဝတ်ကိုဝတ်လျက်၊ သန့်ရှင်းသောအရပ်မှ ပြင်တံတိုင်းသို့ မထွက်ရ။ ထိုအဝတ် သန့်ရှင်းသောကြောင့် ချွတ်ထား၍ အခြားသောအဝတ်ကို ဝတ်ပြီးမှ၊ လူများရှိရာသို့ ထွက်သွားရကြမည်ဟု ငါ့အားပြောဆို၏။
လူများရှိရာ ပြင်တံတိုင်းသို့ ထွက်သွားသောအခါ၊ အမှုတော်ကို ဆောင်စဉ်တွင် ဝတ်သောအဝတ်ကို ချွတ်၍၊ သန့်ရှင်းသောအခန်းတို့၌ ထားပြီးလျှင်၊ အခြားသောအဝတ်ကို ဝတ်ရကြမည်။ အရင်အဝတ်ကိုဝတ်လျက် လူများတို့ကို မသန့်ရှင်းစေရကြ။
သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ဆောင်သွားသောထိုဆိတ်ကို တော၌လွှတ်လိုက်ရမည်။
သန့်ရှင်းသောပိတ်ချောအင်္ကျီ၊ ပိတ်ချောဘောင်းဘီကိုဝတ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗောင်းကိုလည်း ဆောင်းရမည်။ ထိုအဝတ်တန်ဆာတို့သည် သန့်ရှင်းသောကြောင့်၊ ကိုယ်ကိုရေချိုးပြီးမှ ဝတ်ဆင်ရမည်။
တစ်ဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။
ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှာ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။-
ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တစ်ခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တစ်ဖန် ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့။