Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 16:20

Judson Bible

ထို​သို့ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့၊ ယဇ်​ပ​လ္လင်​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြီး​စီး​ပြီး​မှ၊ အ​သက်​ရှင်​သော​ဆိတ်​ကို ဆောင်​ခဲ့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး၊ မှား​ယွင်း​သော​သူ​နှင့် မိုက်​သော​သူ​အ​တွက် ခု​နစ်​ရက်​နေ့​တွင်၊ ထို​နည်း​တူ ပူ​ဇော်၍၊ အိမ်​တော်​အ​တွက် အ​ပြစ်​ဖြေ​ရာ​မင်္ဂ​လာ​ကို ပြု​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပြစ်​မှား​သော အ​ပြစ်​အ​မျိုး​မျိုး​တို့​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​ထဲ​မှာ​နေ​ရ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့ ပြု​ရ​မည်။

ယဇ်​ပ​လ္လင်​အ​ပေါ်၌​လည်း ထို​အ​သွေး​ကို​လက်​ညှိုး​နှင့် ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​မှ စင်​ကြယ်​သန့်​ရှင်း​စေ​ရ​မည်။

အာ​ရုန်​သည် အ​သက်​ရှင်​သော​ဆိတ်​ခေါင်း​ပေါ်​မှာ လက်​နှစ်​ဖက်​ကို​တင်​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဒု​စ​ရိုက်​မှ​စ၍ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး​ရှိ​သ​မျှ​တို့​ကို​ဖော်​ပြ၍၊ ဆိတ်​ခေါင်း​ပေါ်​မှာ တင်​ထား​ပြီး​လျှင်၊ တော်​လျော်​သော​လူ​တွင် တော​သို့​စေ​လွှတ်​ရ​မည်။

အ​လွန်​သန့်​ရှင်း​ပေ၏။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​သွေး​ကို သန့်​ရှင်း​ရာ​ဌာ​န၌ အ​ပြစ်​ဖြေ​ခြင်း​ငှာ၊ ပ​ရိသတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း​သို့​ဆောင်​ခဲ့​လျှင်၊ ထို​ယဇ်​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။

နွား​ကို​သတ်၍၊ မော​ရှေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်​ဦး​ချို​တို့၌ အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍​ထည့်​သ​ဖြင့်၊ ယဇ်​ပ​လ္လင်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌​သွန်၍၊ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​မည်​အ​ကြောင်း သန့်​ရှင်း​စေ၏။

ထို​သ​ခင်​ယေ​ရှု​သည် ငါ​တို့​အ​ပြစ်​ကြောင့် အပ်​နှံ​ခြင်း​ကို ခံ​တော်​မူ၏။ ငါ​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း ထ​မြောက်​တော်​မူ၏။

အ​ပြစ်​စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​သေ​ခံ၍​ခံ​သည်​သာ​မ​က၊ သေ​ခြင်း​မှ​ထ​မြောက်၍ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌​နေ​လျက်၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​သော​သူ​ကား ခ​ရစ်​တော်​ပေ​တည်း။-

ထို​တ​ရား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ထဲ၌ ရှိ​နေ​လျက်၊ လော​ကီ​သား​တို့၏ အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ၊ ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို​လည်း ငါ​တို့၌ အပ်​ပေး​တော်​မူ၏။-

လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။

ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

အ​သက်​ရှင်​သော​သူ​လည်း ဖြစ်၏။ ငါ​သည် အ​ရင်​သေ​သည် ဖြစ်၍၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​နှင့် ပြည့်​စုံ၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို​လည်း ငါ​အ​စိုး​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ