Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 16:18

Judson Bible

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​သို့​ထွက်​လာ၍ ထို​ပ​လ္လင်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ နွား​အ​သွေး၊ ဆိတ်​အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပတ်​လည် ဦး​ချို​တို့၌​ထည့်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​သည် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍၊ ထို​ပ​လ္လင်၏ ဦး​ချို​တို့၌ အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ရ​မည်။ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​နှစ်​တစ်​ခါ ထို​သို့​ပြု​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​သော ယဇ်​ပ​လ္လင်​ဖြစ်​သည်။

နွား​အ​သွေး​အ​ချို့​ကို​ယူ၍ ယဇ်​ပ​လ္လင်​ဦး​ချို လေး​ချောင်း၊ အ​ထစ်​လေး​ထောင့်၊ အ​နား​ပတ်​ကို​လူး​သော​အား​ဖြင့် သန့်​ရှင်း​စင်​ကြယ်​စေ​ရ​မည်။

ဒု​တိ​ယ​နေ့၌​လည်း အ​ပြစ်​မ​ရှိ​သော ဆိတ်​သ​ငယ်​ကို​ယူ၍၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်​ရ​မည်။ ယဇ်​ပ​လ္လင်​ကို နွား​အ​သွေး​နှင့် သန့်​ရှင်း​စေ​သ​ကဲ့​သို့ ဆိတ်​အ​သွေး​နှင့် သန့်​ရှင်း​စေ​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် အ​သွေး​အ​ချို့​ကို​ယူ၍ အိမ်​တော်​တိုင်၌​လည်း​ကောင်း၊ ယဇ်​ပ​လ္လင် အောက်​ထစ် လေး​ထောင့်၌​လည်း​ကောင်း၊ အ​တွင်း​တံ​တိုင်း တံ​ခါး​တိုင်၌​လည်း​ကောင်း ထည့်​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပြစ်​မှား​သော အ​ပြစ်​အ​မျိုး​မျိုး​တို့​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​ထဲ​မှာ​နေ​ရ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့ ပြု​ရ​မည်။

သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ ဝင်​သော​အ​ခါ၊ မိ​မိ​အ​ဖို့၊ မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့၊ ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ မ​ထွက်​မီ​တိုင်​အောင်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​မှာ အ​ဘယ်​သူ​မျှ​မ​နေ​ရ။

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော ပ​လ္လင်​ဦး​ချို​တို့၌ အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ထို​အ​ပြစ်​ဖြေ​ရာ​ယဇ်၏​အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍ မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ထို​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော နံ့​သာ​ပေါင်း​မွှေး​ကို မီး​ရှို့​ရာ​ပ​လ္လင်​ဦး​ချို​တို့၌ နွား​အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။

အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။

သ​မ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို သန့်​ရှင်း​စေ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် သူ​တို့​အ​ဖို့​အ​လို​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ပါ၏။

သန့်​ရှင်း​စေ​တတ်​သော​သူ​နှင့် သန့်​ရှင်း​စေ​အပ်​သော​သူ​များ​တို့​သည် တစ်​ပါး​တည်း​သော ပ​က​တိ​ရှိ​ကြ၏။ ထို​ကြောင့်၊ သန့်​ရှင်း​စေ​တတ်​သော​သူ​သည် သန့်​ရှင်း​စေ​အပ်​သော​သူ​တို့​ကို ညီ​အစ်​ကို​ဟူ၍ ခေါ်​ခြင်း​ငှာ ရှက်​ကြောက်​တော်​မ​မူ။ ထို​သို့​ခေါ်​သော​အ​ချက် ဟူ​မူ​ကား၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ