Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 16:16

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပြစ်​မှား​သော အ​ပြစ်​အ​မျိုး​မျိုး​တို့​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ မ​စင်​ကြယ်​သော​အ​ပြစ်​ထဲ​မှာ​နေ​ရ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ဖို့ ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​သည် တစ်​နှစ်​တစ်​ခါ အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍၊ ထို​ပ​လ္လင်၏ ဦး​ချို​တို့၌ အ​ပြစ်​ဖြေ​ခြင်း​မင်္ဂ​လာ​ကို ပြု​ရ​မည်။ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် တစ်​နှစ်​တစ်​ခါ ထို​သို့​ပြု​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား အ​လွန်​သန့်​ရှင်း​သော ယဇ်​ပ​လ္လင်​ဖြစ်​သည်။

သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ ဝင်​သော​အ​ခါ၊ မိ​မိ​အ​ဖို့၊ မိ​မိ​အိမ်​သူ​အိမ်​သား​များ​အ​ဖို့၊ ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ဖို့၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ မ​ထွက်​မီ​တိုင်​အောင်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​မှာ အ​ဘယ်​သူ​မျှ​မ​နေ​ရ။

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​သို့​ထွက်​လာ၍ ထို​ပ​လ္လင်​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​အံ့​သော​ငှာ၊ နွား​အ​သွေး၊ ဆိတ်​အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပတ်​လည် ဦး​ချို​တို့၌​ထည့်​ရ​မည်။

သ​တ္တ​မ​လ၊ ဒ​သ​မ​နေ့​သည်​လည်း အ​ပြစ်​ဖြေ​ရာ​နေ့၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​သော​နေ့​ဖြစ်၏။ ခြိုး​ခြံ​စွာ​ကျင့်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ကို​ဆက်​ကပ်​ရ​မည်။

နွား​ကို​သတ်၍၊ မော​ရှေ​သည် ယဇ်​ပ​လ္လင်​ပတ်​လည်​ဦး​ချို​တို့၌ အ​သွေး​ကို လက်​ညှိုး​နှင့်​ယူ၍​ထည့်​သ​ဖြင့်၊ ယဇ်​ပ​လ္လင်​ကို စင်​ကြယ်​စေ​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌​သွန်၍၊ ထို​ယဇ်​ပ​လ္လင်​ပေါ်​မှာ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​မည်​အ​ကြောင်း သန့်​ရှင်း​စေ၏။

မော​ရှေ​အား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည်​ပြု​လေ၏။

နေ့​တိုင်း​အ​စဉ်​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ထာ​ဝ​ရ​ဘု​ရား​အား ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း ပူ​ဇော်​ရ​မည်။

ငါ​သည်​သွား၍ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ပြီး​မှ တစ်​ဖန်​လာ​ပြန်၍၊ ငါ​ရှိ​ရာ​အ​ရပ်၌ သင်​တို့​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ့​ထံ​သို့ သိမ်း​ဆည်း​မည်။-

ထို​ကြောင့်၊ ခ​ရစ်​တော်​သည် လူ​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း​ကို စီ​ရင်၍၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ဖြစ်​အံ့​သော​ငှာ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့် လုံး​လုံး​တူ​ရ​သော အ​ကြောင်း​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ