Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 16:12

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် ယဇ်​ပ​လ္လင်​မီး​ခဲ​နှင့် ပြည့်​သော လင်​ပန်း​ကို​ကိုင်​လျက်၊ ညက်​စွာ​သော နံ့​သာ​ပေါင်း​မွှေး​အ​မှုန့်​ကို မိ​မိ​လက်၌​အ​ပြည့်​ယူ၍၊ ကု​လား​ကာ​အ​တွင်း​သို့ ဆောင်​သွား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လိမ်း​စ​ရာ​ဆီ​နှင့် သန့်​ရှင်း​ရာ​ဌာ​န၌​သုံး​ဖို့ နံ့​သာ​ပေါင်း​မွှေး​ကို​လည်း​ကောင်း၊ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း လုပ်​ရ​ကြ​မည်​ဟု မိန့်​တော်​မူ​၏။

ဆေး​သ​မား​အ​တတ်​နှင့် ဆေး​ပေါင်း​ကို​ဖော်​တတ်​သည်​အ​တိုင်း၊ သန့်​ရှင်း​သော လိမ်း​ရန်​နံ့​သာ​ဆီ​ကို​လည်း​ကောင်း၊ နံ့​သာ​မျိုး​နှင့်​ဖော်​သော မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​စင်​ကို​လည်း​ကောင်း လုပ်​လေ၏။

အာ​ရုန်၏​သား​နာ​ဒပ်​နှင့် အ​ဘိ​ဟု​တို့​သည်၊ ကိုယ်​စီ​ဆိုင်​သော​လင်​ပန်း​တို့​ကို​ယူ​လျက်၊ မီး​ကို​ထည့်၍ လော​ဗန်​ကို​တင်​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော မီး​မ​ဟုတ်၊ ထူး​ခြား​သော​မီး​ကို ရှေ့​တော်၌​ပူ​ဇော်၏။

ထို​သူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​လင်​ပန်း​များ​ကို​ယူ၍ မီး​နှင့်​လော​ဗန်​ကို​တင်​ပြီး​မှ၊ မော​ရှေ၊ အာ​ရုန်​နှင့်​အ​တူ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌ ရပ်​နေ​ကြ၏။

မော​ရှေ​က​လည်း၊ သင်​သည် လင်​ပန်း​ကို​ကိုင်၍ ယဇ်​ပ​လ္လင်​ပေါ်​က​မီး​ကို ယူ​ထည့်​ပြီး​လျှင်၊ လော​ဗန်​ကို​လည်း​တင်​လျက်၊ ပ​ရိ​သတ်​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​သွား၍ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က အ​မျက်​တော်​ထွက်၍ ဘေး​ဥ​ပဒ်​ရောက်​လျက်​ရှိ​ပြီ​ဟု၊

သူ​တို့​သည် စီ​ရင်​တော်​မူ​ချက်​တို့​ကို ယာ​ကုပ်​အ​မျိုး၌​လည်း​ကောင်း၊ တ​ရား​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး၌​လည်း​ကောင်း သွန်​သင်​ကြ​လိမ့်​မည်။ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​ကို ရှေ့​တော်၌​လည်း​ကောင်း၊ တစ်​ကိုယ်​လုံး မီး​ရှို့​ရာ​ယဇ်​ကို ယဇ်​ပ​လ္လင်​တော်​ပေါ်၌​လည်း​ကောင်း တင်​ထား​ကြ​လိမ့်​မည်။

ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။-

ဒု​တိ​ယ​တဲ​တော်​အ​တွင်း​သို့ ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း​သာ မိ​မိ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပူ​ဇော်​သော​အ​သွေး​ကို​ဆောင်၍ တစ်​နှစ်​လျှင် တစ်​ခါ​တည်း သာ​ဝင်​ရ၏။-

ဘု​ရား​သ​ခင်​သည် အ​လင်း၌​ရှိ​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် အ​လင်း၌​ကျင်​လည်​လျှင်၊ အ​ချင်း​ချင်း မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း ရှိ​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။-

ကောင်း​ကင်​တ​မန်​သည် လင်​ပန်း​ကို​ယူ၍ ယဇ်​ပ​လ္လင်၏ မီး​နှင့်​ပြည့်​စေ​ပြီး​မှ၊ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်​သည်​ဖြစ်၍၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ လျှပ်​စစ်​ပြက်​ခြင်း၊ မြေ​ကြီး​လှုပ်​ခြင်း​ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ