Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 15:5

Judson Bible

သူ၏​အိပ်​ရာ​ကို​ထိ​သော​သူ၊ သူ့​ထိုင်​ရာ​အ​ပေါ်​မှာ​ထိုင်​သော​သူ၊ သူ၏​ကိုယ်​ကို​ထိ​သော​သူ၊ သူ၏​တံ​တွေး​ထိ​မိ​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေး​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

ကျေး​ဇူး​တော်​ကို ချီး​မြှောက်​သော​အ​သံ​နှင့် မြွက်​ဆို၍၊

ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​ကို အ​ကုန်​အ​စင်​ဆေး​ကြော၍၊ အ​ကျွန်ုပ်​ကို သန့်​ရှင်း​စေ​တော်​မူ​ပါ။

အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ ဟုဿုပ်​ပင်​ညွန့်​နှင့် သန့်​ရှင်း​ခြင်း​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မိုး​ပွင့်​ထက်​သာ၍ ဖြူ​စေ​ခြင်း​ငှာ ဆေး​ကြော​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း လူ​တို့​ရှိ​ရာ​သို့​သွား​၍၊ ယ​နေ့​နှင့် နက်​ဖြန်၌ သူ​တို့​ကို​သန့်​ရှင်း​စေ​လော့။ သူ​တို့​အ​ဝတ်​ကို​လျှော်​စေ​၍၊

ကိုယ်​ကိုကိုယ် ဆေး​ကြော​ကြ​လော့။ ကိုယ်​ကိုကိုယ် စင်​ကြယ်​စေ​ကြ​လော့။ သင်​တို့​ဒု​စ​ရိုက်​များ​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​ကြ​လော့။ မ​ကောင်း​သော​အ​ကျင့်​ကို ဖြတ်​ကြ​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား၌ ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင်​တို့​အ​ပြစ်​သည် သင်​တို့ မ​သေ​မ​ချင်း​တိုင်​အောင် မ​ပြေ​မ​ရှင်း​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။

သင်​တို့​ကို အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ငါ​ကင်း​လွတ်​စေ​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကို ပယ်​ရှား​ခြင်း​ငှာ၊ ဆန်​စ​ပါး​ကို​မှာ​လိုက်၍ များ​ပြား​စေ​မည်။

ထို​တိ​ရ​စ္ဆာန်​အား​ဖြင့် သင်​တို့​စင်​ကြယ်​ခြင်း ပျက်​တတ်၏။ သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည်၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။

ထို​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။

သူ​တို့​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။

ထို​အ​သေ​ကောင်​သည် သစ်​ခွက်၊ အ​ဝတ်၊ အ​ရေ၊ အ​မွေး၊ အိတ်​အ​စ​ရှိ​သော အ​သုံး​အ​ဆောင်​တစ်​စုံ​တစ်​ခု​ပေါ်​သို့​ကျ​လျှင် ထို​အ​သုံး​အ​ဆောင်​မ​စင်​ကြယ်။ ရေ၌​နှစ်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။ ထို​နောက်​စင်​ကြယ်​လိမ့်​မည်။

သ​တ္တ​မ​နေ့၌ ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍ အ​ရေ၌​အ​နာ​မ​တိုး​ပွား၊ အ​ရေ​အောက်၌​မ​စွဲ​လျှင်၊ ထို​သူ​သည်​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ မိ​မိ​အ​ဝတ်​ကို​လျှော်၍ စင်​ကြယ်​ရ၏။

တစ်​ဖန် သ​တ္တ​မ​နေ့၌​ကြည့်​ရှု၍ အ​နာ​သည် အ​ရေ၌​မ​တိုး​ပွား၊ ခပ်​မည်း​မည်း​ဖြစ်​လျှင်၊ ထို​သူ​သည်​စင်​ကြယ်၏​ဟု ယဇ်​ပု​ရော​ဟိတ်​စီ​ရင်​ရ​မည်။ ယား​နာ​သက်​သက် ဖြစ်၏။ မိ​မိ​အ​ဝတ်​ကို​လျှော်၍ စင်​ကြယ်​ရ၏။

ထို​ဆီ​ကို မိ​မိ​လက်​ယာ​လက်​ညှိုး​နှင့် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ကြိမ်​တိုင်​အောင်​ဖျန်း​ရ​မည်။

ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ ယောက်ျား​သည် မိန်း​မ​နှင့်​သံ​ဝါ​သ​ပြု​လျှင်၊ နှစ်​ယောက်​စ​လုံး ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။

အိပ်​သ​မျှ ထိုင်​သ​မျှ​သော အိပ်​ရာ​ထိုင်​ရာ​တို့​သည်​လည်း မ​စင်​ကြယ်။

လွတ်​လပ်​လ​ဟာ​သို့ ဆိတ်​ကို​လွှတ်​လိုက်​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ထို​နောက်​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။

မီး​ရှို့​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ထို​နောက်​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။

အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၏​အ​သား​ကို စား​သော​ကိုယ်​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​မည်​သည်​ကား၊ စား​လျှင် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေ​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။ ထို​နောက် စင်​ကြယ်​ခြင်း​ရှိ၏။

နွား​မ၏​ပြာ​ကို စု​သိမ်း​သော​သူ​သည်​လည်း၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ တည်း​ခို​သော​တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​စဉ်​အ​မြဲ​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။

မ​စင်​ကြယ်​သော​သူ ထိ​သ​မျှ​သော​အ​ရာ​သည်​လည်း မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ထို​အ​ရာ​ကို​ထိ​သော​သူ​လည်း ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-

ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။-

ထို​သို့​ပူ​ဇော်​ရ​သည်​မှန်​လျှင်၊ က​မ္ဘာ​ဦး​မှ​စ၍ အ​ဖန်​များ​စွာ အ​သေ​ခံ​တော်​မူ​ရ၏။ ယ​ခု​မူ​ကား၊ ဤ​ကပ်​ကာ​လ​အ​ဆုံး၌ တစ်​ခါ​တည်း ကိုယ်​ကို ပူ​ဇော်​သော​အား​ဖြင့် အ​ပြစ်​များ​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ပေါ်​ထွန်း​တော်​မူ၏။-

ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-

ငါ​က၊ သ​ခင်၊ ကိုယ်​တော်​သိ​ပါ၏​ဟု ပြန်​လျှောက်၏။ သူ​က​လည်း၊ ဤ​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က ထွက်​မြောက်၍၊ မိ​မိ​တို့​ဝတ်​လုံ​ကို သိုး​သ​ငယ်၏ အ​သွေး၌​လျှော်၍ ဖြူ​စေ​သော​သူ ဖြစ်​ကြ​သ​တည်း။-

သို့​ရာ​တွင် ရှော​လု​က အ​ကြောင်း​တစ်​စုံ​တစ်​ခု ရှိ​လိမ့်​မည်။ သူ​သည် မ​စင်​ကြယ်။ အ​ကယ်၍ သူ​သည်​မ​စင်​ကြယ်​ဟု ထင်​မှတ်၍ ထို​နေ့၌ တိတ်​ဆိတ်​စွာ​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ