အိပ်သမျှ ထိုင်သမျှသော အိပ်ရာထိုင်ရာတို့သည်လည်း မစင်ကြယ်။
အစဉ်ယိုသည်ဖြစ်စေ၊ တစ်ခါတလေရပ်သည်ဖြစ်စေ၊ ထိုသူသည် မစင်ကြယ်။
သူ၏အိပ်ရာကိုထိသောသူ၊ သူ့ထိုင်ရာအပေါ်မှာထိုင်သောသူ၊ သူ၏ကိုယ်ကိုထိသောသူ၊ သူ၏တံတွေးထိမိသောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေးချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။-
အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။-
စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည်သောသူတို့အား အဘယ်အရာမျှ မစင်ကြယ်။ သူတို့၏ နှလုံးလည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသောစိတ် လည်းမစင်ကြယ်။-