Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 15:14

Judson Bible

အ​ဋ္ဌ​မ​နေ့၌​လည်း၊ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​နား​သို့​ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​အား ငှက်​ကို​မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ ခို​ဖြစ်​စေ၊ ချိုး​က​လေး​ဖြစ်​စေ ဆောင်​ခဲ့၍​ဆက်​ရ​မည်။

သား​ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ စင်​ကြယ်​စေ​ခြင်း​နေ့​ရက် ကာ​လ​စေ့​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ခါ​လည်​သော သိုး​သူ​ငယ်​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ချိုး​က​လေး​တစ်​ကောင်၊ သို့​မ​ဟုတ် ခို​တစ်​ကောင်​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၊ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။

သိုး​သ​ငယ်​ကို​မ​တတ်​နိုင်​လျှင် ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ဆောင်​ခဲ့၍၊ ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့်၊ သူ​သည်​သန့်​ရှင်း​ရ​လိမ့်​မည်။ ဤ​ရွေ့​ကား၊ သား​ယောက်ျား၊ သား​မိန်း​မ​ကို​ဖွား​မြင်​သော​အ​မိ​နှင့် ဆိုင်​သော​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

အ​ဋ္ဌ​မ​နေ့၌ ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ဆောင်​ခဲ့​ရ​မည်။

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

ထို​အ​လို​တော်​နှင့်​အ​ညီ ယေ​ရှု​ခ​ရစ်၏ ကိုယ်​တော်​ကို တစ်​ခါ​တည်း ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​တို့​သည် စင်​ကြယ်​ခြင်း​သို့ ရောက်​ကြ၏။

ထို​သ​ခင်​မူ​ကား၊ အ​ပြစ်​ကို​ဖြေ​ခြင်း​ငှာ ယဇ်​တစ်​ခု​တည်း​ကို ပူ​ဇော်​ပြီး​မှ​စ၍၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ အ​စဉ်​အ​မြဲ​ထိုင်၍၊-

အ​ကြောင်း​မူ​ကား၊ စင်​ကြယ်​သော​သူ​တို့​သည် ထာ​ဝ​ရ​စုံ​လင်​ခြင်း​အကျိုးကိုရစေခြင်းငှာ၊ တစ်​ခါ​တည်း​ပူ​ဇော်​ခြင်း​အား​ဖြင့် ပြု​တော်​မူ၏။-

ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ