Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 15:13

Judson Bible

ရိ​နာ​စွဲ​သော​သူ​သည် အ​နာ​ပျောက်​သော​အ​ခါ၊ ပျောက်​သော​နေ့​က​စ၍၊ ခု​နစ်​ရက်​လွန်​မှ မိ​မိ​အ​ဝတ်​ကို​လျှော်၍၊ စီး​သော​ရေ​နှင့် ကိုယ်​ကို​ချိုး​သ​ဖြင့် စင်​ကြယ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ငါ​ပ​ညတ်​သ​မျှ​အ​တိုင်း အာ​ရုန်​နှင့်​သူ၏​သား​တို့​အား​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ခြင်း​မင်္ဂ​လာ​ကို၊ ခု​နစ်​ရက်​ပတ်​လုံး​ဆောင်​ရ​မည်။

ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ သန့်​ရှင်း​စေ​ပြီး​မှ၊ အ​လွန်​သန့်​ရှင်း​သော​ယဇ်​ပ​လ္လင်​ဖြစ်၍၊ ထို​ပ​လ္လင်​နှင့် တွေ့​သ​မျှ​သော​အ​ရာ​တို့​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။

သူ​တို့​သည် ငါ့​ကို​ပြစ်​မှား​သ​မျှ​သော​အ​ပြစ်​တို့​ကို ငါ​ဖြေ​ရှင်း​မည်။ ငါ့​ကို​ပြစ်​မှား၍ ငါ၏​တ​ရား​ကို လွန်​ကျူး​သ​မျှ​သော​အ​ပြစ်​တို့​ကို ငါ​လွှတ်​မည်။

အ​ဋ္ဌ​မ​နေ့၌​လည်း၊ အ​ပြစ်​မ​ရှိ၊ အ​ခါ​လည်​သော သိုး​သ​ငယ်​အ​ထီး​နှစ်​ကောင်၊ အ​မ​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း​ယူ​ပြီး​လျှင်၊

စင်​ကြယ်​စေ​ရ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍၊ မိ​မိ​ဆံ​ပင်​ကို အ​ကုန်​အ​စင်​ရိတ်​ပြီး​မှ၊ စင်​ကြယ်​စေ​ခြင်း​ငှာ ရေ​ချိုး​ရ​မည်။ ထို​နောက်၊ တပ်​ထဲ​သို့​ဝင်၍၊ မိ​မိ​တဲ​ပြင်၌ ခု​နစ်​ရက်​နေ​ရ​မည်။

ထို​မိန်း​မ​သည် သွေး​ယို​နာ​ပျောက်၍ ခု​နစ်​ရက်​လွန်​လျှင် စင်​ကြယ်​လိမ့်​မည်။

သူ၏​အိပ်​ရာ​ကို​ထိ​သော​သူ၊ သူ့​ထိုင်​ရာ​အ​ပေါ်​မှာ​ထိုင်​သော​သူ၊ သူ၏​ကိုယ်​ကို​ထိ​သော​သူ၊ သူ၏​တံ​တွေး​ထိ​မိ​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေး​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။

သင်​တို့​ကို အ​ရာ၌​ခန့်​ထား​ရာ ကာ​လ​ခု​နစ်​ရက်​မ​စေ့​မီ ပ​ရိသတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ပြင်​သို့ မ​ထွက်​ရ​ကြ။ ခု​နစ်​ရက်​ပတ်​လုံး အ​ရာ၌​ခန့်​ထား​ခြင်း​မင်္ဂ​လာ​ကို ဆောင်​ရ​ကြ​မည်။

အ​ဋ္ဌ​မ​နေ့၌ မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ​တို့​ကို​ခေါ်၍၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ၏​အ​ဘ​သည် သူ၏​မျက်​နှာ​ကို တံ​တွေး​နှင့် ထွေး​ရုံ​မျှ​သာ​ပြု​လျှင်၊ သူ​သည် ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်​မ​ဟုတ်​လော။ ယ​ခု​တွင် သူ့​ကို​နှင်​ထုတ်၍ ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​စေ။ ထို​နောက်​မှ တပ်​ထဲ​သို့​တစ်​ဖန်​ဝင်​စေ​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

ထို​ကြောင့် ချစ်​သူ​တို့၊ ထို​က​တိ​တော်​များ​နှင့် ငါ​တို့​သည် ဆိုင်​ကြ​သည်​ဖြစ်၍၊ ကိုယ်​ခ​န္ဓာ၏ အ​ညစ်​အ​ကြေး၊ စိတ်​ဝိ​ညာဉ်၏ အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​နှင့် ပြည့်​စုံ​ကြ​ကုန်​အံ့။

ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-

သ​စ္စာ​စောင့်​သော သက်​သေ​ခံ ဖြစ်​တော်​မူ​ထ​သော၊ သေ​သော​သူ​တို့​တွင် သား​ဦး ဖြစ်​တော်​မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့၏ အ​ထွတ်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​အ​ထံ​တော်​က​လည်း​ကောင်း၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်၍ မိ​မိ​အ​သွေး​နှင့် ငါ​တို့​အ​ပြစ်​များ​ကို ဆေး​ကြော​တော်​မူ၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ