ရိနာစွဲသောသူသည်၊ လက်မဆေးဘဲ သူတစ်ပါးကိုလက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ထိုတိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကို ထိသောသူသည်၊ ညဉ့်ဦးတိုင်အောင် မစင်ကြယ်။
သူ့အောက်၌ရှိသောအရာကို ထိသောသူသည် ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ ထိုအရာတစ်စုံတစ်ခုကို ဆောင်သောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ရိနာစွဲသောသူထိသော မြေတန်ဆာကို ခွဲရမည်။ သစ်သားတန်ဆာကို ရေနှင့်ဆေးရမည်။
မစင်ကြယ်သောသူ ထိသမျှသောအရာသည်လည်း မစင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကိုထိသောသူလည်း ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
မိုးချုပ်သောအခါ ရေချိုး၍၊ နေဝင်ပြီးမှ တပ်ထဲသို့ဝင်ရမည်။