အသက်ရှင်သောငှက်ကို မြို့ပြင်ဟင်းလင်းသောအရပ်၌ လွှတ်လိုက်၍၊ ထိုအိမ်အဖို့၊ အပြစ်ဖြေခြင်းကိုပြုလျှင်၊ စင်ကြယ်ခြင်းရှိလိမ့်မည်။
မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဖို့ အပြစ်ဖြေခြင်းကိုပြု၍ သူသည်သန့်ရှင်းရ၏။
ထိုသို့ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကိုစင်ကြယ်စေပြီးမှ၊
ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍သိစေခြင်းငှာ၊ ဗောက်နူနာအစရှိသောနူနာအမျိုးမျိုး၊ အဝတ်၌စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖု၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
နူနာစင်ကြယ်စေရသောလူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင်ဖျန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သောငှက်ကို ဟင်းလင်းသော အရပ်၌လွှတ်လိုက်ရမည်။