Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 14:34

Judson Bible

သင်​တို့​ပိုင်​ထိုက်​ရာ၊ ငါ​ပေး​သော​ခါ​နာန်​ပြည်​သို့ သင်​တို့​ရောက်​သော​အ​ခါ၊ သင်​တို့​နေ​ရာ​ထို​ပြည်​တွင် အိမ်​တစ်​စုံ​တစ်​ခု၌ နူ​နာ​ကို​ငါ​စွဲ​စေ​လျှင်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။

သင်​ထ၍​မြေ​ကို အ​လျား​အား​ဖြင့်​လည်း​ကောင်း၊ အ​နံ​အား​ဖြင့်​လည်း​ကောင်း လျှောက်​သွား​လော့။ သင်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​၏။

သင်​သည် ယ​ခု​ဧည့်​သည်​ဖြစ်၍​နေ​သော​ပြည်​တည်း​ဟူ​သော၊ ခါ​နာန်​ပြည်​တစ်​လျှောက်​လုံး​ကို၊ သင်​အား​လည်း​ကောင်း၊ သင့်​နောက်၌​သင်၏​အ​မျိုး​အ​နွယ်​အား​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​အ​ပိုင်​ပေး​မည်။ သူ​တို့၏​ဘု​ရား​လည်း ငါ​ဖြစ်​မည်​ဟု မိန့်​မြွက်​တော်​မူ၏။

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။

မ​တ​ရား​သော​သူ၏​နေ​ရာ​သည် ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​ခြင်း​ကို တွေ့​တတ်၏။ တ​ရား​သော​သူ၏​နေ​ရာ​ကို​ကား ကောင်း​ချီး​ပေး​တော်​မူ၏။

ငါ​သည် အ​လင်း​ကို​လုပ်၏။ အ​မိုက်​ကို​လည်း ဖန်​ဆင်း၏။ ငြိမ်​သက်​ခြင်း​ကို ဖြစ်​စေ၏။ အ​မင်္ဂ​လာ​ကို​လည်း ဖန်​ဆင်း၏။ ခပ်​သိမ်း​သော အ​မူ​အ​ရာ​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊

သူ​တို့​ပြည်​တည်း​ဟူ​သော နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​ကို သင်​တို့​သည် အ​မွေ​ခံ​စေ​ခြင်း​ငှာ ငါ​အ​ပိုင်​ပေး​မည်​ဟု ငါ့​အ​မိန့်​တော်​ရှိ​ပြီ။ ငါ​သည် သင်​တို့​ကို အ​ခြား​သော​အ​မျိုး​နှင့်​ခွဲ​ထား​သော သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍ စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ အ​ဦး​ရိတ်​သော ကောက်​လှိုင်း​တစ်​စည်း​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့​ရ​မည်။

သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်​သော​အ​ခါ၊ ထို​ပြည်​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဥ​ပုသ်​စောင့်​ရ​မည်။

မြို့​ထဲ​မှာ တံ​ပိုး​မှုတ်​လျှင်၊ မြို့​သား​တို့​သည် မ​ကြောက်​မ​လန့်​ဘဲ​နေ​ကြ​လိမ့်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မ​မူ​ဘဲ ဘေး​တစ်​စုံ​တစ်​ခု​သည် မြို့​ထဲ​မှာ ရောက်​လိမ့်​မည်​လော။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သ​ဖြင့်၊ အိမ်​ကြီး​ကို​ဖြို၍ အိမ်​ငယ်​ကို​လည်း ကွဲ​စေ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် မြို့​ကို ဟစ်​ခေါ်​တော်​မူ၏။ ပ​ညာ​ရှိ​သော​သူ​သည် နာ​မ​တော်​ကို ကြောက်​ရွံ့​ရ၏။ ဆုံး​မ​ခြင်း​ကို​လည်း​ကောင်း၊ စီ​ရင်​သော​သူ​သည် အ​ဘယ်​သူ ဖြစ်​သည်​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​စာ​စောင်​ကို ငါ​ထုတ်​ဖော်​မည်။ ခိုး​တတ်​သော သူ၏​အိမ်​ထဲ​သို့​လည်း​ကောင်း၊ ငါ့​နာ​မ​ကို တိုင်​တည်၍ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၏ အိမ်​ထဲ​သို့​လည်း​ကောင်း​ဝင်၍ နေ​ရာ​ကျ​သ​ဖြင့်၊ သစ်​သား​များ၊ ကျောက်​များ​နှင့်​တ​ကွ ထို​အိမ်​ကို​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​ရှိ​သ​မျှ​သည် လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​သွား​လျှင်​လည်း​ကောင်း၊ ထို​နောက်​မှ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့၌ အ​ပြစ်​ကင်း​လွတ်​လျက်၊ ဤ​ပြည်​သို့​ပြန်​လာ၍ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မွေ​ခံ​ရ​ကြ​မည်။

ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ခံ​ရ​ပါ​မည်​အ​ကြောင်း၊ ကျွန်​တော်​တို့​သည် လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခါ​နာန်​ပြည်​သို့ ကူး​သွား​ပါ​မည်​ဟု ပြန်​လျှောက်​ကြ၏။

သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍၊ ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊

သင်​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော ကာ​လ​ပတ်​လုံး​ဝင်​စား​စေ​ခြင်း​ငှာ သင်​တို့​ဘိုး​ဘေး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ဟူ​မူ​ကား၊

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ပြည်၌​နေ​သော လူ​မျိုး​တို့​ကို သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပယ်​ဖြတ်​တော်​မူ​သ​ဖြင့်၊ သင်​သည် သူ​တို့​အ​ရာ၌ ဝင်​စား၍၊ သူ​တို့​မြို့၊ သူ​တို့​အိမ်၌​နေ​သော​အ​ခါ၊

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည်​ဝင်​စား၍ နေ​သော​အ​ခါ၊

ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း သင့်​အား​ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ ဝင်​စား​အံ့​သော​ငှာ ကူး​သွား​ပြီး​မှ၊ ဤ​တ​ရား​စ​ကား​တော် အ​လုံး​စုံ​တို့​ကို ထို​ကျောက်​ပေါ်​မှာ ရေး​ထား​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​သော ခါ​နာန်​ပြည်​ကို ကြည့်​ရှု​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​ဆီ​က​ပယ်​ရှား၍၊ သင်​သိ​သော အဲ​ဂု​တ္တု​ပြည်၏​အ​နာ​ဆိုး​ကို သင်၌​စွဲ​စေ​တော်​မ​မူ။ သင့်​ကို​မုန်း​သော​သူ အ​ပေါင်း​တို့၌ စွဲ​စေ​တော်​မူ​မည်။

ယော​ရှု​သည် အို၍​အ​သက်​ကြီး​ရင့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အို၍​အ​သက်​ကြီး​ရင့်​ပြီ။ သိမ်း​ယူ​ရ​မည့်​မြေ​လည်း အ​များ​ကျန်​သေး၏။

ထာ​ဝ​ရ​ဘု​ရား​သည် သေ​စေ​သော​အ​ခွင့်၊ အ​သက်​ရှင်​စေ​သော​အ​ခွင့်၊ မ​ရ​ဏနိုင်​ငံ​သို့ နှိမ့်​ချ​သော​အ​ခွင့်၊ ထ​မြောက်​စေ​သော​အ​ခွင့် ရှိ​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ