မိမိလက်၌ကြွင်းသောဆီကို စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးပေါ်မှာထည့်၍၊
ထိုသိုးကိုသတ်ပြီးလျင် အသွေးကိုယူ၍ အာရုန်၏လက်ယာနားပျဉ်း၌လည်းကောင်း၊ သူ၏သားတို့၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ သူတို့၏လက်ယာလက်မ၌လည်းကောင်း၊ လက်ယာခြေမ၌လည်းကောင်း ထည့်၍၊ ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖျန်းရမည်။
ထိုဆီကို မိမိလက်ယာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင်ဖျန်းရမည်။
မိမိ၌ကြွင်းသေးသောဆီကို ထိုလူခေါင်းပေါ်မှာလောင်း၍၊ သူ့အဖို့အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
သိုးသငယ်ကို မတတ်နိုင်လျှင်၊ ပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရားအထံတော်၊
သိုးကိုသတ်ပြီးမှ၊ မောရှေသည်အသွေးကိုယူ၍၊ အာရုန်၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၌လည်းကောင်း၊ လက်ယာခြေမ၌လည်းကောင်း ထည့်လေ၏။