ထိုသိုးသငယ်ကိုသတ်ပြီးလျှင်၊ အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်း ထည့်ရမည်။
ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော်မမူသောအခါ၊
ထိုသိုးကိုသတ်ပြီးလျင် အသွေးကိုယူ၍ အာရုန်၏လက်ယာနားပျဉ်း၌လည်းကောင်း၊ သူ၏သားတို့၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ သူတို့၏လက်ယာလက်မ၌လည်းကောင်း၊ လက်ယာခြေမ၌လည်းကောင်း ထည့်၍၊ ယဇ်ပလ္လင်အပေါ်ပတ်လည်၌ ဖျန်းရမည်။
ဘုရားသခင့်အိမ်တော်သို့သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော်ခြင်းအမှုထက်၊ တရားနာခြင်းအမှုကို သာ၍ကြိုးစားလော့။ လူမိုက်တို့သည် ကိုယ်အပြစ်ကို မဆင်ခြင်တတ်ကြ။
ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး၌လောင်းပြီးလျှင်၊
သိုးသငယ်ကို မတတ်နိုင်လျှင်၊ ပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရားအထံတော်၊
သိုးကိုသတ်ပြီးမှ၊ မောရှေသည်အသွေးကိုယူ၍၊ အာရုန်၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၌လည်းကောင်း၊ လက်ယာခြေမ၌လည်းကောင်း ထည့်လေ၏။