ထိုမှတစ်ပါး၊ စင်ကြယ်စေရသောသူအဖို့ အပြစ်ဖြေခြင်းငှာ၊ အပြစ်ဖြေရာယဇ်ကိုပူဇော်၍၊ နောက်တစ်ဖန် မီးရှို့ရာယဇ်ကောင်ကိုသတ်ရမည်။
သိုးသငယ်အထီးတစ်ကောင်ကိုယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဖို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသောပူဇော်သကာဖို့ ဆီတစ်လောဃနှင့်တကွ ချီလွှဲရမည်။
ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းထည့်ရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်ကို ပူဇော်၍၊ ရိနာစွဲသောသူအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။
တစ်စုံတစ်ယောက်သောသူသည် အမှုကိုမြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသောစကားကိုကြား၍၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား၍၊ မိမိဒုစရိုက်အပြစ်ကိုခံရသော်လည်းကောင်း၊
ပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေရာယဇ်ဖြစ်စေခြင်းငှာ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ အမတစ်ကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုရမည်။
ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှာ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။-
အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။