Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 14:18

Judson Bible

မိ​မိ​လက်၌​ကြွင်း​သေး​သော​ဆီ​ကို၊ စင်​ကြယ်​စေ​ရ​သော​သူ၏​ခေါင်း​ပေါ်​မှာ လောင်း၍ ထို​သူအ​ဖို့​အ​ပြစ်​ဖြေ​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ သူ၏​ခေါင်း​ပေါ်၌​လောင်း​သ​ဖြင့် သူ့​ကို​လိမ်း​ရ​မည်။

မိ​မိ​လက်၌​ကြွင်း​သော​ဆီ​ကို စင်​ကြယ်​စေ​ရ​သော သူ၏​လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ရှိ​သော ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကောင်​အ​သွေး​အ​ပေါ်​မှာ ထည့်​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့​တစ်​ကောင်​ကို ပူ​ဇော်၍၊ ရိ​နာ​စွဲ​သော​သူ​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော နွား​ကို​ပြု​သ​ကဲ့​သို့၊ ထို​နည်း​တူ ဤ​နွား​ကို​ပြု​သ​ဖြင့်၊ ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ​တို့​အ​ပြစ်​လွတ်​လိမ့်​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ပြု​သ​ကဲ့​သို့ ဆီ​ဥ​ရှိ​သ​မျှ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည် မင်း၏​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ဆီ​ဥ​ကို ယူ​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ကောင် သိုး​သ​ငယ်​ဆီ​ဥ​ကို​ပြု​သ​ကဲ့​သို့၊ ဆီ​ဥ​ရှိ​သ​မျှ​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပူ​ဇော်​သ​ကာ​နှင့်​အ​တူ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထို​သို့ ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​ပြစ်​မှား​မိ​သော​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

ထို​သို့ ဘု​ရား​နှင့်​ဆိုင်​သော​အ​ရာ၌ ပြစ်​မှား​မိ​ရာ​ကို​ပြု​ပြင်​ပြီး​လျှင်၊ ငါး​စု​တစ်​စု​ကို​လည်း​ထပ်၍ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖြစ်​သော သိုး​အား​ဖြင့်၊ ထို​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

လိမ်း​ရန်​ဆီ​ကို အာ​ရုန်​ခေါင်း​ပေါ်​မှာ​လောင်း၍ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ လိမ်း​လေ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သ​တိ​လစ်၍ ပြစ်​မှား​မိ​သော​ထို​သူ​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​သ​ဖြင့် ထို​အ​ပြစ်​ကို​လွှတ်​ရ​လိမ့်​မည်။

ထို​ကြောင့်၊ ခ​ရစ်​တော်​သည် လူ​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း​ကို စီ​ရင်၍၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ဖြစ်​အံ့​သော​ငှာ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့် လုံး​လုံး​တူ​ရ​သော အ​ကြောင်း​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ