Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 14:12

Judson Bible

သိုး​သ​ငယ်​အ​ထီး​တစ်​ကောင်​ကို​ယူ​ပြီး​လျှင် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ဖို့ ပူ​ဇော်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​တစ်​လော​ဃ​နှင့်​တ​ကွ ချီ​လွှဲ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​သိုး​သည် အ​ရာ၌​ခန့်​ထား​ရာ​သိုး​ဖြစ်​သော​ကြောင့်၊ ဆီ​ဥ၊ အ​မြီး၊ အ​အူ​ကို ဖုံး​သော​ဆီ​ဥ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ကို​ဖုံး​သော​ဆီ​ဥ၊ လက်​ယာ​ပ​ခုံး၊

အာ​ရုန်​လက်၊ သူ၏​သား​တို့​လက်၌ ထို​အ​ရာ​တို့​ကို​ထား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။

အာ​ရုန်၏​အ​ရာ၌​ခန့်​ထား​ရာ သိုး၏​ရင်​ပတ်​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​ပြီး​မှ၊ သိုး၏​ရင်​ပတ်​သည် သင်၏​အ​ဖို့ ဖြစ်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​နှိပ်​စက်​ခြင်း​ငှာ အ​လို​တော်​ရှိ၍ နာ​စေ​တော်​မူ၏။ သူ​သည် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ပြီး​မှ၊ အ​မျိုး​အ​နွယ်​တော်​ကို မြင်​ရ​လိမ့်​မည်။ အ​သက်​တော်​လည်း​ရှည်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​သည်​လည်း သူ၏​လက်၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​လိမ့်​မည်။

အ​ဋ္ဌ​မ​နေ့၌​လည်း၊ အ​ပြစ်​မ​ရှိ၊ အ​ခါ​လည်​သော သိုး​သ​ငယ်​အ​ထီး​နှစ်​ကောင်၊ အ​မ​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း​ယူ​ပြီး​လျှင်၊

စင်​ကြယ်​စေ​သော​ယဇ်​ပု​ရော​ဟိတ်​သည်၊ စင်​ကြယ်​စေ​အပ်​သော​လူ​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ဆက်​ရ​မည်။

ထို​မှ​တစ်​ပါး၊ စင်​ကြယ်​စေ​ရ​သော​သူ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ နောက်​တစ်​ဖန် မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရ​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​သော​အ​ရာ​တို့၌ လွန်​ကျူး​ပြစ်​မှား​မိ​လျှင်၊ ထို​ပြစ်​မှား​ခြင်း​အ​တွက် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို​လည်း​ကောင်း၊ အ​ကျပ်​တော်​အ​လိုက် ချင့်​တွက်၍ ချိန်​သော​အ​လျော်​ငွေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ