စင်ကြယ်စေသောယဇ်ပုရောဟိတ်သည်၊ စင်ကြယ်စေအပ်သောလူကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ထိုပူဇော်သကာနှင့်တကွ ဆက်ရမည်။
အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါလည်သော သိုးသငယ်အထီးနှစ်ကောင်၊ အမတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာဖို့၊ ဆီရောသောမုန့်ညက်သုံးဩမဲနှင့် ဆီတစ်လောဃကိုလည်းကောင်းယူပြီးလျှင်၊
သိုးသငယ်အထီးတစ်ကောင်ကိုယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဖို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသောပူဇော်သကာဖို့ ဆီတစ်လောဃနှင့်တကွ ချီလွှဲရမည်။
မိမိစင်ကြယ်ခြင်းအလိုငှာ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့၊ အဋ္ဌမနေ့၌ဆောင်ခဲ့ပြီးမှ၊
ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့သို့ ပရိသတ်အပေါင်းကို စည်ဝေးစေလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
သူတို့သည်စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရဘုရားအားဆက်ကပ်၍ သူတို့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့် စင်ကြယ်စေလေ၏။
ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာလည်းကောင်း တတ်နိုင်တော်မူသော သူတည်းဟူသော၊-